Chapter-46 (Uni+Zawgyi)

75.4K 5.7K 3.2K
                                    

[ Every Zawgyi font is under the Unicode. If you can't read this part, I bet it is wp error. So, remove my fic from your library first then add it again. You can do this action till you can read. This advice is the only thing that I can help you. Thank you. 💚]

*** ***

လင်းသွင်တစ်ယောက် လက်တစ်ဖက်က ပေါင်ထက်ရှိ​ကြောင်နက်လေးအား ခပ်ဖွဖွပွတ်သပ်ပေးနေရင်း ၊ နောက်တစ်ဖက်က ရှေ့မှအကောင်ပေါက်လေး၏ လက်ကောက်ဝတ်လေးအား တင်းကြပ်စွာဆုပ်ကိုင်ထားရင်းဖြင့် မျက်နှာသေးသေးလေးအား မော့ငေးကာ အနည်းငယ်ကြောင်အသွား၏။ သို့သော် သူ၏ခြေထောက်ကတော့ အောက်သို့ပြုတ်ကျသွားပြီဖြစ်သော စီးကရက်အား သတိတရဖြင့် ဖိနင်းလိုက်ပြီးသားပင်။

ထို့နောက် သူကပြောလိုက်သည်။

"မင်းရဲ့ ဒီလိုကလေးမျက်နှာလေးနဲ့ ၂၃ နှစ်ဆိုတာကို ကိုယ့်ကိုယုံခိုင်းနေတာလား"

သူ့စကားအဆုံး တစ်ဖက်မှ ပို၍မှုန်ကုပ်ကုပ်ဖြစ်သွားသည့်ရုပ်ကလေး။ နှုတ်ခမ်းပါးရဲရဲလေးတွေကိုလည်း စိတ်မရှည်သလို ဖိပိတ်ထားလိုက်ဟန်က သူ့အား ဘာမှဆက်မပြောချင်တော့သည့်အလား။

ထိုပုံစံလေးဟာ သူ့မျက်လုံးထဲတွင်တော့ အထက်တန်းကျောင်းသားလေးတစ်ယောက် လိုချင်တာမရ၍ စိတ်ကောက်နေသည့်အလားပါပင်။

ထို့နောက်တွင် ကောင်လေးက သူ့လက်ထဲမှ လက်ကောက်ဝတ်လေးကိုရုန်းလာပြန်သည်။ သည်တစ်ကြိမ်တွင်တော့ လင်းသွင်ကအလိုက်သင့်လွှတ်ပေးလိုက်ပြီး ကြောင်နက်ကလေးကိုပိုက်ကာ မတ်တပ်ထရပ်လိုက်၏။ ထိုအခါ သူ့ရှေ့မှ ၂၃ နှစ်ဟုပြောလာသည့် ပေါက်စလေးက သူ့အား မော့ကြည့်ရတော့သည်။ သူတို့နှစ်ယောက်၏အရပ်ကွာခြားချက်အရ ထိုပေါက်စလေးဟာ သူ့မေးဖျားကို မှီရုံလောက်ပဲ ရှိပါ၏။

"ငါ့ကြောင်ကို ပြန်ပေး"

အသံချိုဝဲဝဲလေးကထပ်ထွက်လာပြီးနောက် တစ်ဆက်တည်းဆိုသလိုပင် လက်ကလေးတွေကပါရောက်လာသည်မို့ လင်းသွင်က နောက်သို့ သွက်လက်စွာ ခြေလှမ်းကျဲတစ်လှမ်းဆုတ်လိုက်ရင်း ပြောလိုက်သည်။

"လိုချင်ရင် အသက်အမှန်ပြော"

"၂၃"

"လိမ်ပြန်ပြီ"

I bet you love me. [Completed]Where stories live. Discover now