Chapter-13

88.6K 8.9K 966
                                    

ဈာန်သတိပြန်ရလာ၍ မျက်လုံးဖွင့်ကြည့်လိုက်သည့်အချိန်၌ စိမ်းသက်သောမျက်နှာကျက်ကိုသာမြင်လိုက်ရပြီး မရင်းနှီးသော ဆေးရုံအနံ့အသက်တို့က သူ့အား မျက်မှောင်တို့ကျုံ့သွားစေ၏။ လှဲနေရာမှထိုင်လိုက်မိပြီး အခန်း၏ပတ်ပတ်လည်အားဝေ့ကြည့်လိုက်မိသည်။

ပုံစံအရ ဆေးရုံတစ်ခုမှအခန်းဖြစ်ပြီး အတော်လေးကျယ်ဝန်းကာ သူ့တိုက်ခန်းထက်ပင် အဆပေါင်းများစွာသာနေသေး၏။ ဈာန် ခြုံထားသည့်စောင်အားဖယ်ကာ သူ့ကိုယ်သူငုံ့ကြည့်လိုက်မိတော့ သူအသိရှိစဉ်ကဝတ်ထားသည့် အဝတ်အစားများမဟုတ်ဘဲ အပြာရောင် လူနာဝတ်စုံဖြစ်နေသည်။

သေချာစေ့စေ့စပ်စပ်လိုက်ကြည့်လိုက်တော့ အင်္ကျီလက်ရှည်အောက်ဘယ်ဘက်လက်မောင်း၌ ပတ်တီးတစ်ခု၊ လက်ဖျံ၌ ဆေးသွင်းရာတစ်ခု၊ လက်ခုံနှင့် လက်ဆစ်တို့၌ ပလာစတာတို့နှင့် ဆေးလိမ်းထားခြင်းများ၊ ထို့ပြင် ညာဘက်ခြေကျင်းဝတ်၌ ပတ်တီးတစ်ခုလည်းရှိနေ၏။

တဖန် သူခံစားနေရသည်က သူ့လည်ပင်းနောက်မှ Pheromone တို့ တစိမ့်စိမ့်နှင့် စိမ့်ထွက်နေခြင်း။ စိတ်ထဲမလိုလားစွာဖြင့် အမြန်ထိန်းချုပ်လိုက်မိသည်။ ထိုအခါ လည်ပင်းနောက်ရှိ အနံ့ဂလင်းမှ စူးရှသောနာကျင်မှုကိုခံစားလိုက်ရသည်မို့ နားထင်ကြောတို့ပင်ထောင်ထလာပါသလို။

ထိုမျှမကသေး ခန္ဓာကိုယ်ကလည်းပုံမှန်ထက်ပို၍အားနည်းနေသည်ကို သတိပြုလိုက်မိပြီးနောက် ဖြစ်ခဲ့သည့် အကြောင်းအရာအချို့အား ပြန်လည်သတိရသွား၏။ ခွေးမသားတစ်ကောင်က သူ့အား heat ဝင်အောင် နှိုးဆွသည့်ဆေးအား ခတ်ခဲ့ခြင်း။

ထို့ကြောင့် လက်ရှိသည် သူ၏ Heat Period သို့ရောက်နေပြီဖြစ်သည်မို့ ခန္ဓာကိုယ်က ပုံမှန်ထက်အားနည်းနေခြင်း။

ထိုစဉ် အခန်းတံခါးကပွင့်လာသောကြောင့် ကြည့်လိုက်မိတော့…

“ဩ လူနာက နိုးနေပြီပဲ ၊ အဆင်ပြေရဲ့လား”

ဝင်လာသည်မှာ အိုမီဂါဖြစ်ဟန်တူသော ဆရာဝန်တစ်ယောက်နှင့် သူနာပြုတစ်ယောက်။ နှစ်ယောက်လုံးက အမျိုးသားများသာဖြစ်၏။ သူတို့က သူ့အား သေချာစစ်ဆေးလိုက်ကြပြီးနောက်…

I bet you love me. [Completed]Tahanan ng mga kuwento. Tumuklas ngayon