Chapter-6

91.5K 9.3K 1.2K
                                    

ကိန်း၏ခြေတံရှည်တို့က သုံးလှမ်းသာလှမ်းလိုက်ပြီးနောက် Bus stop ထောင့်တွင်ထိုင်နေသူရှေ့ ရောက်သွားသည်။ စိမ်းပြာရောင်မျက်ဝန်းတို့က အလိုမကျသလိုဝင့်တက်လာပြီးနောက် ဦးထုပ်နှင့် Mask ကြားမှ မျက်ဝန်းတို့နှင့်ဆုံလိုက်သည်နှင့် မျက်တောင်ဖျားတို့ကအနည်းငယ်လှုပ်ခတ်သွားသလို နီရဲရဲနှုတ်ခမ်းအစုံက ပွင့်သည်ဆိုရုံလေးပွင့်ဟလာပြီးနောက် မျက်နှာထက်လာရိုက်ခတ်သော ဆေးလိပ်မီးခိုးများ။

“Shit!”

ကိန်း ခပ်တိုးတိုးဆဲရေးလိုက်ပြီး မျက်နှာကိုစောင်းလိုက်မိတော့ ခပ်ဟဟရယ်သံတစ်ခုထွက်လာပြီး…

“တကယ့် ငပျော့”

ရန်စကားစလာသော်ငြား ဒေါသချက်ချင်းမထွက်မိသလို လှည့်လည်းထွက်မသွားမိ။ နောက်တစ်ကြိမ်ပြန်လှည့်ကြည့်မိကာ ဘယ်ဘက်ပါးပြင်ထက်မှ ခရမ်းပုပ်ရောင်ဖြစ်နေသည့်အရာအား အတည်ပြုလိုက်မိရင်း…

“မင်း ဘယ်သူတွေနဲ့ ရန်ဖြစ်လာလို့ ဒီလောက်ဖြစ်လာတာလဲ”

“ဘာလုပ်မလို့လဲ ၊ လိုက်ရန်ဖြစ်ပေးမလို့လား”

ပြန်မေးလာဟန်က ရိသဲ့သဲ့နှင့် မျက်နှာပေးကလည်း အချိုးမပြေ။ ဒါကိုက ဒီကောင့်မွေးရာပါမျက်ခွက်ဆိုပြီး ဖြေတွေးပေးလိုက်မိသည်။

“မင်း ဘလိုင်းကြီးသွားရန်စတာတော့မဟုတ်ဘူးမလား”

“မဟုတ်ဘူး”

“မင်းမှန်လား”

“မှန်တယ်”

“အေး အဲ့ဒါဆို လိုက်ရန်ဖြစ်ပေးမယ်၊ ဘယ်သူတွေလဲ … ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်ဆို နိုင်လောက်မှာပါ”

ဈာန် သူ့ရှေ့မှလူကိုကြည့်ပြီး မင်သက်သွားရ၏။ သူ့ဘဝတွင် ထိုကဲ့သို့မေးလာဖူးသူဟူ၍ မရှိခဲ့ဖူး။ ငယ်ငယ်ကလည်းရန်ဖြစ်ခဲ့ဖူးသည်။ သို့တိုင် သူ့အားမှားလား၊ မှန်လားဟူ၍ မည်သူမှမမေးဖူးခဲ့ပါသလို ဒဏ်ရာရလာပါကလည်း မည်သူကမှ ဂရုတစိုက်မကြည့်ခဲ့ဖူး။

သူကိုယ်တိုင်ကလည်း လူတိုင်းနှင့်ဘာသိဘာသာပဲနေခဲ့ပြီး သူ့ပြဿနာကို သူ့ဘာသာဖြေရှင်းခဲ့သည်သာ။ ယခုထိလည်း ပုံစံမပြောင်းနေထိုင်ခဲ့သော်ငြား သူ့ရှေ့မှသူက ဂရုတစိုက်ကြည့်ကာမေးလာခဲ့သည်။ ထို့ကြောင့် စသလို၊ နောက်သလိုနှင့် ဘာမှမဖြစ်သလိုပြောနေမိရာမှ ဘာဆက်ပြောရမှန်းပင် မသိတော့။

I bet you love me. [Completed]Where stories live. Discover now