Chapter-14

93.7K 8.9K 893
                                    

“လက်ရှိနိုင်ငံရဲ့စီးပွားရေးအခြေအနေနဲ့ပတ်သက်ပြီး ငယ်လေးဘယ်လိုမြင်လဲ”

“ပြည်ပပို့ကုန်ထုတ်လုပ်မှုအားနည်းလွန်းတယ်၊ ဒါက ရသင့်ရထိုက်တဲ့အကျိုးအမြတ်တွေကို ဒီတိုင်းလက်လွတ်ခံထားသလိုပဲ”

မင်းမျိုးက ညီဖြစ်သူ၏အပြောကြောင့် ပြုံးရင်းခေါင်းတစ်ချက်ညိတ်သည်။

“ဟုတ်တယ် ကိုကြီးတို့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖြစ်တာခဏခဏပဲ၊ ငယ်လေးဆိုရင်ရော ဘယ်လိုတိုးတက်အောင်လုပ်ဖို့စိတ်ကူးရှိလဲ၊ အဲ့လိုတွေးဖူးလား”

ကိန်းက စကားပြောရင်းအာခြောက်လာသည်မို့ အနီးရှိစားပွဲမှရေခွက်ကိုဆွဲယူကာ ရေတစ်ငုံသောက်လိုက်၏။ ဒဏ်ရာက လုံးဝသက်သာတာတော့မဟုတ်သေးသော်ငြား အတော်လေးတော့ အဆင်ပြေနေပြီပင်။ သို့သော် နေမကောင်းကဆက်ဖြစ်သွားသည်မို့ အိမ်တော်ကိုပြန်ရောက်သည်နှင့် အိပ်ခန်းထဲမှ အပြင်သို့မထွက်ဖြစ်တော့။

ယခုလည်း ကိုကြီးကသူ့အား သိသင့်သည်များအားသင်ကြားနေခြင်းဖြစ်ပြီး သူကတော့ ကုတင်ခေါင်းရင်းကို ခပ်လျှောလျှောမှီနေရင်းသာ ပြန်ဆွေးနွေးဖြစ်နေ၏။

“သတင်းတွေအမြဲဖတ်ဖြစ်တော့ ကျွန်တော်လည်း ခဏခဏတွေးဖြစ်တယ်၊ ကျွန်တော်တို့နိုင်ငံက ပြည်ပပို့ကုန်ဆိုရင် ကုန်ကြမ်းတွေပဲထုတ်နေတာများတယ်၊ ဝယ်သွားတဲ့နိုင်ငံက ကျွန်တော်တို့ရဲ့ကုန်ကြမ်းတွေနဲ့ကုန်ချောလုပ်ကြတယ်၊ ဈေးကောင်းကောင်းနဲ့ တစ်ကမ္ဘာလုံးကိုပြန်ရောင်းတယ်၊ ကျွန်တော်တို့ကလည်းပြန်ဝယ်ကြတယ်၊ ဒီလိုနဲ့ပဲသံသရာလည်နေတာ နှစ်မနည်းကြာနေပြီ”

“အင်း”

“အဲ့ဒါကြောင့် ကျွန်တော်ကတော့ အစိုးရကိုပဲဖိအားပေးချင်တယ်၊ ပထမဆုံး ပြည်ပပို့ကုန်ထုတ်လုပ်ရေးကို အဓိကထားတဲ့စီမံကိန်းတွေ ရေးဆွဲစေချင်တယ်၊ နောက်ပြီး အဲ့စီမံကိန်းတွေပြည့်ဖို့ ဘက်ပေါင်းစုံကနေ မက်လုံးပေးမယ်၊ အမြဲလှုံ့ဆော်နေမယ်”

“အပြိုင်အဆိုင်တွေများလာမယ်ထင်တယ်”

“သေချာတာပေါ့၊ အပြိုင်အဆိုင်များလာမှလည်း တီထွင်မှုအသစ်တွေပေါ်လာပြီး တိုးတက်လိမ့်မယ်၊ ကျွန်တော်လိုချင်တာ အဲ့ဒါပဲ”

I bet you love me. [Completed]Where stories live. Discover now