Chapter-24

115K 8.9K 2.8K
                                    

Ruby Royal Group ၏ အဆောက်အဦကြီးရှေ့၌ ကားအနက်ရောင်သုံးစီးက အတန်းလိုက်ထိုးရပ်သွား၏။ တံခါးစောင့်တစ်ယောက်က အပြေးအလွှားရောက်လာပြီး အလယ်ကား၏နောက်ခန်းတံခါးကိုဖွင့်ပေးလိုက်တော့ အမျိုးသားတစ်ယောက်နှင့် ကလေးတစ်ယောက်ဆင်းလာကြသည်။

ထိုဆင်းလာသည့်အမျိုးသားမှာ ရွှေကြယ်သီးတပ်လည်ကတုံးအဖြူကို အဝါပုပ်ရောင်နှင့်အနက်ရောင်ရောနေသည့်ကွက်စပ်ပုဆိုးနှင့်တွဲဖက်ကာဝတ်ဆင်ထားပြီး အနက်ရောင်ကတ္တီပါဖိနပ်ကိုစီးထားရာ သူ၏သန့်ပြန့်ဖြူဝင်းနေသောခြေအစုံနှင့်လိုက်ဖက်စွာ။

ကလေးကတော့ ဘေးတစ်ဖက်စီ၌ အနက်ရောင်အစင်းကြောင်းတို့ဖြင့်အနားသပ်ထားသော အဖြူရောင်အစင်းကြောင်းပါသည့် နီရဲရဲ Hoodie ဝမ်းဆက်အား ပေါ့ပေါ့ပါးပါးဝတ်ဆင်ထား၏။ ပုံစံလေးက အနည်းငယ်အိပ်ချင်မူးတူးလေးဖြစ်နေပြီး နဖူးထက်မှဆံပင်လေးတို့ကလည်း ခပ်ပွပွရှုပ်နေကာ ကားပေါ်တွင်အိပ်လိုက်လာသည်မှန်း အသေအချာ။ ခြေအစုံတွင်တော့ ဖွေးဖွေးဖြူနေသော Shoes တို့ရှိနေသည်။

"သား ခမည်းတော်ချီရမလား"

"ဟင့်အင်း"

သားက ရုပ်တည်လေးနှင့်ငြင်းလာပြီး လက်တစ်ဖက်ဖြင့် မျက်လုံးအားပွတ်ဟန်ပြင်နေသည်မို့ ကိန်း ထိုလက်လေးအား အမြန်ဆွဲဖမ်းလိုက်ရသည်။

"မျက်လုံးကိုလက်နဲ့မပွတ်ရဘူးလို့ ခမည်းတော်ပြောထားတယ်လေ"

ကိန်းက ပြောလည်းပြောရင်း သားရှေ့တွင် ဒူးတစ်ဖက်နှိမ့်ကာထိုင်လိုက်ပြီး သား၏ဆံပင်လေးများကိုသေချာလေးသပ်ပေးလိုက်သည့်တိုင် သားမျက်နှာလေးက မှုန်ကုပ်ကုပ်လေးနှင့် အိပ်ရေးမဝပုံပေါ်နေသေးသည်မို့ ပါးဖြူဖြူဖောင်းဖောင်းလေးကို လက်ချောင်းတို့ဖြင့်အသာတောက်လိုက်မိ၏။

"တကယ်မချီရဘူးလား၊ သားရုပ်က အရမ်းအိပ်ချင်နေတဲ့ရုပ်နဲ့... အိပ်ရေးက ခုထိမဝသေးဘူးလား၊ ဟင်? "

"ဝပါပြီ"

"ဝရင်လည်း မျက်လုံးကိုကျယ်ကျယ်ဖွင့်၊ မဟုတ်ရင် သား အရင်ကလို ခမည်းတော်ခြေထောက်ကို ခလုတ်တိုက်လဲလိမ့်မယ်"

I bet you love me. [Completed]Where stories live. Discover now