Chpater-15

102K 9.7K 3.3K
                                    

စာသင်နှစ်တစ်နှစ်ကုန်ဆုံးသွားပြီမို့ တက္ကသိုလ်ကျောင်းသားများအားလုံး ပိတ်ရက်ရှည်ကိုယ်စီရနေကြ၏။

ဈာန်ကတော့ တက္ကသိုလ်၏ Music clubမှစုပေါင်းဖွင့်ထားသော ကော်ဖီဆိုင်တွင် အချိန်ပိုင်းအလုပ်လုပ်ဖြစ်သည်။ Music clubမှလူများ အမြဲရှိနေကြသည်မို့ ထိုကော်ဖီဆိုင်လေးအတွင်း၌ အချိန်တိုင်းဆိုသလို တေးဂီတသံငြိမ့်ငြိမ့်လေးများ ပျံ့လွင့်လျက်ရှိ၏။ ထို့ပြင် Customer များ၏တောင်းဆိုမှုများအလိုက်လည်း ဖျော်ဖြေတတ်ကြသည်မို့ သီချင်းနားထောင်ရတာကြိုက်သူများရော၊ ချစ်သူစုံတွဲများပါနှစ်သက်ကြသည့် ဆိုင်တစ်ဆိုင်လည်းဖြစ်သည်။

“ဈာန် နေ့လယ်စာမစားဘူးလား၊ အစ်ကိုတို့နဲ့ အတူလာစားလေ”

“မစားချင်သေးလို့ပါ”

စီနီယာအစ်ကိုတစ်ယောက်ကခေါ်လိုက်ခြင်းဖြစ်ပြီး ဆိုင်တွင် ဧည့်သည်ကလည်းပါးနေသည်မို့ အားလုံးနေ့လယ်စာစားရန်ပြင်နေကြခြင်းပင်။ လက်ရှိတွင် ဆိုင်၌ ဈာန်အပါအဝင်ဆို Music club မှလူများ စုစုပေါင်း ၇ယောက်ရှိ၏။

“ဆက်ခံသူသခင်လေးလာမှာမလို့လား ဈာန်”

“ဟုတ်ကဲ့”

ထိုအခါမှ စီနီယာများအားလုံးက သဘောပေါက်သွားသည့်ဟန်ဖြစ်သွားကြတော့သည်။ ဈာန်က တဖြည်းဖြည်းနှင့် ပေါင်းသင်းဆက်ဆံမှုနယ်ပယ်သို့ရောက်လာပြီဖြစ်သော်ငြား ကိန်းမှလွဲ၍ အခြားသူများနှင့်ဆို စကားနည်းနေဆဲပါပင်။

“ကိန်းနဲ့ဈာန်တို့ကတော့ ဘယ်အချိန်ဖြစ်ဖြစ် အမြဲတတွဲတွဲပဲနော်၊ သခင်လေးကလည်း ဆက်ခံသူဖြစ်သွားပြီး အလုပ်တွေတအားများနေတာတောင် သူ့သူငယ်ချင်းဆီကိုတော့ အားရင်အားသလို ရောက်လာတုန်းပဲ၊ ဒါမျိုး Friendship တစ်ခုရှိနေရင် ငါလည်း ချစ်သူလိုမှာမဟုတ်တော့ဘူး၊ အားကျတယ်တအား”

“အေး ငါလည်း အဲ့ဒါတွေးနေတာ၊ သူတို့နှစ်ယောက်လုံး ရည်းစားမရှာကြတာလည်း အံ့ဩစရာမရှိဘူး၊ နှစ်ယောက်နဲ့ ပြည့်စုံနေမှတော့ ငါဆိုလည်းရှာမနေတော့ဘူး”

“ဒါပေမဲ့ဟယ် နှစ်ယောက်စလုံးဒီတိုင်းနေကြမယ်ဆိုရင်တော့ တအားနှမျောဖို့ကောင်းမှာပဲ”

I bet you love me. [Completed]Where stories live. Discover now