Chapter-37

124K 8.5K 4K
                                    

[ Every Zawgyi font is under the Unicode. If you can't read this part, I bet it is wp error. So, remove my fic from your library first then add it again. You can do this action till you can read. This advice is the only thing that I can help you. Thank you. 💚]

*** ***

နိုးလာလာချင်းပြောလာသည့် ဈာန့်စကားတို့ကြောင့် ကိန်းဟာ ရုတ်တရက် ဘာပြန်ပြောရမှန်းပင်မသိတော့သည်အထိ။

သို့သော် ဈာန်ကတော့ သူ့စရိုက်အတိုင်းပင် စိတ်မြန်လက်မြန်ဖြင့် ကိုယ်ပေါ်မှစောင်ကိုဆွဲခွာကာ အိပ်ယာပေါ်မှဆင်းဟန်ပြင်လိုက်၏။ ထိုအခါမှ သူသတိထားမိလိုက်သည်မှာ ဘယ်ဘက်လက်မောင်းထက်မှနာကျင်မှု။ တစ်ဆက်တည်းဆိုသလိုပင် လည်ပင်းနောက်ရှိ အနံ့ဂလင်းမှ ထူးဆန်းနေသည်ကိုလည်း ခံစားလိုက်ရပါသလို လှုပ်ရှားလိုက်သည်နှင့် ပုခုံးတို့ရှေ့သို့ကျလာသော ဆံပင်ရှည်တို့ကိုလည်း သတိထားမိသွားတော့သည်။

"Fuck! ဘာတွေဖြစ်နေတာတုန်းဟ "

ဈာန်တစ်ယောက် အလန့်တကြားဖြစ်သွားသည်မို့ အိပ်ယာပေါ်မှ အမြန်ခုန်ဆင်းမိသလိုဖြစ်သွားကာ ကိန်း၏ရှေ့တည့်တည်သို့ ရောက်သွားပြီး ခန္ဓာကိုယ်ကယိုင်ခနဲ။

"သတိထား!"

ကိန်းက နှုတ်ဖြင့်သတိပေးလိုက်သလို လက်ကလည်း ဈာန့်ခါးအား ဆွဲထိန်းပေးပြီးသားပင်။ ဈာန်က ကိန်း၏လက်ထဲမှ ချက်ချင်းရုန်းထွက်မသွားပါချေ။

သို့ပေသည့် မျက်ခုံးတန်းလေးတွေက အလိုမကျသလို တွန့်ချိုးသွားလျက် စိမ်းပြာရောင်မျက်ဝန်းလေးတွေဟာလည်း ကိန်း၏မျက်ဝန်းတို့ထဲသို့ ပင့်ကြည့်လာ၏။ တစ်ဖန် မျက်လွှာတို့အောက်ပြန်ချသွားပြီး ဘယ်ဘက်လက်မောင်းထက်ရှိပတ်တီးတို့အား ညာဘက်လက်ဖြင့် ကိုင်ကြည့်လိုက်သည်။ အမှန်တကယ်တော့ အင်္ကျီလက်တိုဝတ်ထားသည်မို့ ကိုင်မကြည့်လျှင်တောင် ပတ်တီးကို မြင်နိုင်ပါ၏။

ဈာန်ဟာ သူ့ဘာသာအတွေးများနေရင်းမှ နှုတ်မှလည်း ပြောလိုက်သည်။

"ငါ Heat ဝင်ပြီး စိတ်ထပ်လွတ်သွားတာလား ၊ မဖြစ်နိုင်တာ... ဒီလအတွက် ငါ့ Heat က ပြီးသွားတာတောင် မကြာသေးဘူးလေ"

ထိုသို့ မယုံနိုင်သလိုဆိုနေရင်းဖြင့် ပတ်တီးအားကိုင်နေသောလက်က ဆံပင်ရှည်တို့ကိုဆွဲယူလိုက်ပြီး အားအပြည့်ဖြင့် ဆောင့်ဆွဲပစ်လိုက်သည်မှာ ခေါင်းပါအတော်လေးစောင်းသွားတော့သည်အထိ။

I bet you love me. [Completed]Donde viven las historias. Descúbrelo ahora