Chapter-27

101K 8.7K 4.5K
                                    

သီးသန့်ခန်းတစ်ခုဆီသို့ရောက်သွားသည့်အချိန်၌ ထိုအခန်းသည် လုံးဝကိုရှင်းလင်းနေပြီး လူတစ်ယောက်နေရမည့်အခန်းတစ်ခုနှင့်ပင် မတူပါချေ။ အခန်းက အတော်လေးကျယ်ဝန်းသော်ငြား ၎င်းအတွင်းတွင်တော့ အလယ်တွင် ပုံစံချိန်ညှိလို့ရသည့် လက်ရန်းပါ အနက်ရောင် Dream bed တစ်လုံးသာရှိသည်။

ယင်း Dream bed သည် ကုလားထိုင်တစ်လုံးနှင့်ပင်အလားသဏ္ဍာန်ဆင်တူပြီး လက်ရန်းနေရာ၌ လက်ကောက်ဝတ်ကို Lock ခတ်လို့ရသည့် စတီးကွင်းနှစ်ခုစီပါသလို ပုခုံးနေရာ၊ ရင်ဘတ်နေရာ၊ ခါးနေရာ၊ ပေါင်နေရာ နှင့် ခြေသလုံးနေရာတို့၌လည်း ခိုင်ခန့်သောအနက်ရောင်ပတ်ကြိုးများရှိနေပြီး ခြေကျင်းဝတ်နေရာတို့တွင်တော့ လက်ကောက်ဝတ်နေရာများကဲ့သို့ စတီးကွင်းနှစ်ကွင်းရှိနေ၏။

အခန်း၏အရောင်သည် အဖြူရောင်သီးသန့်ဖြစ်ပြီး ပြင်ပသို့ဖောက်မြင်နိုင်သော မှန်ချပ်ကာပြူတင်းပေါက်အကြီးကြီးတစ်ခုရှိသည်။ အပေါ်ပိုင်းတွင်တော့ Air con တစ်လုံးရှိနေပြီး မျက်နှာကျက်အလယ်တွင်မြှုပ်ထားသည့် အဖြူရောင်မီးလုံးမှအလင်းရောင်က အခန်းတွင်းသို့အပြည့်အဝဖြန့်ကျက်ထား၏။

အခန်းဖွဲ့စည်းပုံဟာ ထိုမျှသာဖြစ်သည်။ ၎င်းအခန်းတွင်း၌ အထက်တွင်ဖော်ပြခဲ့သည့်အရာတို့မှလွဲ၍ အခြားသော မည်သည့်ပရိဘောဂ သို့မဟုတ် ပစ္စည်းတစ်ခုသော်မျှ ထပ်မရှိပါတော့ချေ။

ဈာန်က အခန်းထဲသို့ရောက်သည်နှင့် Dream bed ဆီသို့ ခြေလှမ်းကျဲတို့ဖြင့် ယိုင်တိယိုင်တိုင်လျှောက်သွား၏။ သူ၏ခန္ဓာကိုယ်ထက် အဝတ်အစားတို့ကအနည်းငယ်ဖရိုမဖရဲဖြစ်နေပါသလို မျက်နှာထက်၌လည်း သွေးရောင်တို့ပျောက်နေပြီဖြစ်ကာ သက်ရှိလူသားတစ်ယောက်နှင့်ပင်မတူတော့သည့်အလားဖြစ်နေသည်။

သူ့နောက်တွင်တော့ ဆရာဝန်ကြီးက တောက်လျှောက်လိုက်လာ၏။ ဈာန်က Dream bed ထက် အမြန်ဝင်လှဲလိုက်ပြီးနောက် အက်ကွဲနေသောလေသံဖြင့်ပြောလိုက်သည်။

"မြန်မြန် Lock ခတ်ပေးပါ"

သူ့အသံ၌ မောဟိုက်ခြင်းတို့အပြည့်အဝပါနေပါသလို မနည်းအားစိုက်ပြီးပြောနေရသကဲ့သို့ပင်။

I bet you love me. [Completed]Where stories live. Discover now