Chapter-29

107K 8.6K 2K
                                    

အိပ်ခန်းတစ်ခု၏ပိတ်ထားသောတံခါးရှေ့၌ အသက် ၂၆နှစ်အရွယ် အမျိုးသားတစ်ယောက်ရှိနေပြီး တံခါးကို သူ၏လက်ဆစ်တို့ဖြင့်သုံးချက်မျှခေါက်လိုက်၏။

ဒေါက် ဒေါက် ဒေါက်...

"နိုဗယ်... ကလေး ထွက်လာတော့၊ အပြင်ထွက်လာပြီးမှ ကြိုက်တာပြောလေနော်၊ ကိုကို သေချာစဉ်းစားပေးမယ်"

"မလာဘူး ၊ ခင်ဗျား အဲ့လိုတွေပြောလာတာ သုံးနှစ်ကျော်သွားပြီ၊ ပြီးရင် ဘာမှခွင့်ပြုတာလည်းမဟုတ်ဘူး၊ အခုကစပြီး ကျွန်တော်လုပ်ချင်တာလုပ်တော့မှာ၊ ခင်ဗျားကို ခွင့်မတောင်းတော့ဘူး"

အခန်းတွင်းမှပြန်ပြောသူ၏အသံက အဖျားခတ်တုန်ယင်သွားသည်မို့ တံခါးရှေ့မှအမျိုးသားက သက်ပြင်းဖွဖွချလိုက်၏။ ဟန်သာအဲလက်စ်ဟူသည့်သူ့ဘဝ၌ သည်ကောင်လေးနှင့်​မှ ချော့လိုက်ရ၊ ခြောက်လိုက်ရနှင့် မျိုးစုံအောင်သရုပ်နေရသည်ပင်။

လွန်ခဲ့သည့်သုံးနှစ်ကျော် လက်မထပ်ခင်ကတည်းက သူ့ညီစိတ်ဆိုးသွားပြီဆိုပြီး ကိုယ်ဝန်ရှိနေသည့်ကြားက အဖြတ်ခံခဲ့ရသေးသည်မို့ မရမကကားတင်ပြေးခဲ့ရ၏။ လက်ထပ်ပြီးတော့လည်း ကိုယ်ဝန်လရင့်သည့်အချိန်မှာတောင် နိုင်ငံခြားထွက်သွားသော သူ့ညီနောက်လိုက်သွားပါမည်ဆိုပြီး တငိုငိုတရီရီဖြစ်ခဲ့သည်မို့ ကလေးချော့သလိုချော့ခဲ့ရသည်။

နောက်ပိုင်း ကလေးမွေးပြီးသည့်အချိန်ကျမှ သူ့သားနှင့်သမီးကိုမခွဲနိုင်သည်မို့ ခဏငြိမ်သွားခဲ့ခြင်း။

မသိရင် ဒီကကောင်ကြီးက သူ့အတွက် အပိုလူတစ်ယောက်လိုပင်။ သားနှင့်သမီးသာမရှိပါက ဒီဟာလေးကို သူဖမ်းမိမှာမဟုတ်ဟုပင် ခံစားလာရသည်အထိ။

ယခုလည်း ကလေးတွေကိုနည်းနည်းလက်လွှတ်လို့ရသည်နှင့် သူ့အမြွှာညီနောက်လိုက်မည့်ကိစ္စက တစ်စခန်းထလာပြန်သည်။

သူက ဘယ်လိုစိတ်မျိုးနဲ့ စိတ်ချပြီးလွှတ်ရမှာလဲ။ အမြွှာနှစ်ယောက်စလုံးက အသက်သာပြည့်တာ၊ ကလေးစိတ်ကခုထိပျောက်ကြသေးတာမဟုတ်။

ဟိုက သူ့ခင်ပွန်းလေးကိုပြန်မလွှတ်ဘဲခေါ်ထားလိုက်ရင် ဘယ်လိုလုပ်မလဲ။

I bet you love me. [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ