[ Every Zawgyi font is under the Unicode. If you can't read this part, I bet it is wp error. So, remove my fic from your library first then add it again. You can do this action till you can read. This advice is the only thing that I can help you. Thank you. 💚]
*** ***
တစ်နှစ်ကျော်ကြာပြီးနောက် မိုးရာသီကာလသို့ ကျရောက်နေပြီဖြစ်၏။
အချိန်က နေ့လယ်ခင်းဖြစ်ပြီး ပြင်ပရာသီဥတုကတော့ ကောင်းကင်ယံထက် ပြည့်လွှမ်းနေကြသော မိုးသားလိပ်ကြီးများကြောင့် မှုန်မှိုင်းအုံ့ဆိုင်းနေတော့သည်။ မိုးရာသီဖြစ်သော်ငြား တောင်ပေါ်ဒေသ၏အအေးဓာတ်ဟာ မြေပြန့်ဒေသ၏ဆောင်းရာသီထက်ပင် အအေးပိုပါ၏။
လက်ရှိအချိန်၌ လင်းသွင်ဟာ သက်ပန်၏အိမ်၌ရှိနေပြီး ဧည့်ခန်းထဲတွင်ထိုင်ကာ MacBook တစ်လုံးနှင့် နိုင်ငံရေးသိပ္ပံဘာသာရပ်များကို လေ့လာနေလျက်ရှိသည်။ လင်းသွင်က ထိုသို့လုပ်တတ်လွန်းသောကြောင့် အိမ်၏ဧည့်ခန်းအတွင်းမှ ပရိဘောဂအချို့ဟာ သက်တောင့်သက်သာရှိသော ဇိမ်ခံပရိဘောဂများအဖြစ်ပြောင်းလဲသွားသည်မှာလည်း မနည်းကြာခဲ့ပြီပင်။
ယခုတွင် သူတို့နှစ်ဦးသား၏ ချစ်သူသက်တမ်းဟာ တစ်နှစ်ကျော်နေပြီဖြစ်၏။ ထိုတစ်နှစ်ကျော်ကာလအတွင်း အခြားကိစ္စများကြောင့် ပြဿနာတက်ရသည်မရှိသော်ငြား လင်းသွင်က သဝန်တိုတတ်လွန်းသည်မို့ ထိုကိစ္စနှင့်ပင် ကတောက်ကဆဖြစ်ခဲ့ရသည်မှာ အကြိမ်ကြိမ်ပါပင်။
သို့သော် သက်ပန်က လင်းသွင်ဘာပြောပြော ဆိတ်ဆိတ်လေးငြိမ်ပြီး လက်ခံတတ်သူမို့ လင်းသွင်ကသာ တစ်ယောက်တည်းဒေါသတွေထွက်ပြီး တစ်ဖက်သတ်ရန်ဖြစ်နေရခြင်း ဖြစ်သည်။
လင်းသွင် သဝန်တိုတတ်မှုကြောင့် သက်ပန်ဟာ စားသောက်ဆိုင်၌ စောင်းသွားတီးခြင်းကိုလည်း နေ့စဉ်မလုပ်ဖြစ်တော့ဘဲ တစ်ပတ်မှာ လေးရက်သာ လုပ်ဖြစ်တော့၏။ ဒါတောင် လင်းသွင်က သက်ပန်မျက်နှာလေးညှိုးသွားခဲ့ခြင်းကြောင့် လျှော့လျှော့ပေါ့ပေါ့ ခွင့်ပြုပေးခဲ့ခြင်း။
အကယ်၍သာ လင်းသွင်ကခွင့်မပြုပါလျှင် သက်ပန်ကလည်း တောင်းဆိုမည့်သူမဟုတ်ပါချေ။ သို့သော် သူ၏အသံတိတ်ညှိုးငယ်မှုလေးတွေက အရိပ်တကြည့်ကြည့် ကြည့်နေတတ်သောလင်းသွင်အဖို့ မကြည့်ရက်စရာပါပင်။
YOU ARE READING
I bet you love me. [Completed]