ကိုယ်လက်သန့်စင်ပြီးလို့ အခန်းပြင်ထွက်လာချိန်လည်း ဟိုလူကို မတွေ့ရသေး...
အပြင် ထွက်သွားရင်လည်း..ဒီချိန်ဆို ပြန်လာသင့်တယ်မလား...
လူကို သူပဲဒီကို ခေါ်လာတာ..
ခုတော့ အခန်းထဲမှာ ထားခဲ့တာ..ဘယ်လို လူမှန်းမသိ

အခန်းထဲမှာ..မနေချင်တော့တာနဲ့.. ကမ်းခြေဘက် လမ်းလျှောက်ထွက်ရန်သာ ဆင်းလာခဲ့လိုက်သည်
ညဘက်ဖြစ်ပေမဲ့.. မီးများအလှဆင်ထားပေးမှုကြောင့်..ကမ်းခြေတစ်လျှောက် လမ်းလျှောက်ဖို့လမ်းကိုတော့ကောင်းစွာမြင်ရသည်..

လေအေးများတိုက်ခက်မှုကြောင့် အနည်းငယ် အေးစိမ့်မှုကိုခံစားရသည်..
ဒီအချိန်..ရွာမှာ ဘကြီးကျန်းမာရေးကောင်းမွန်ရဲ့လားမသိ...
ဒီတစ်ခေါက် စာမေးပွဲဖြေပြီးလို့ပိတ်ရက်ရရင် ရွာကို ပြန် ပါအုံးမယ်လေ..

ရွာက ကြေးစည်သံနဲ့ မိဝိုင်းတို့ကိုလည်း သတိရ မိတယ်...

အတွေးပေါင်းစုံနဲ့ ကမ်းခြေတစ်လျှောက်.. လမ်းလျှောက် နေမိလေတယ်..

လေအေးများပိုမိုတိုက်ခက်နေမှုတို့ကြောင့်.. လူက မနေနိုင်တော့ဘဲ hotel ခန်းထဲသာပြန်ဝင်ရန်.. နောက်ပြန်လှည့်ခဲ့တော့တယ်

ဒါမဲ့ လမ်းမှာ.. အကို ခန့်မင်းတို့နဲ့ဆုံခဲ့တယ်..
ဘေးမှာ..လည်း..ကျွန်တော်မသိတဲ့ သူစိမ်း နှစ်ယောက်လည်း အတူပါလာခဲ့တယ်

ကျွန်တော် တွေ့ပေမဲ့ စကားသွားမပြောဖို့ဆုံးဖြတ်ခဲ့တယ်..ဒါက ဟိုလူကျွန်တော့်ကို မှာ ထားတာရော ပြီးတော့ ကျွန်တော် ကိုယ်တိုင် မပြောသင့်ဘူးထင်လို့ရော...

ဘေးက နေဖြတ်လျှောက်လာလိုက်တော့ အကိုခန့်မင်းမျက်ဝန်းတွေက ကျွန်တော့်ကို လိုက်ကြည့်နေလေရဲ့..

ကျွန်တော်လည်း....ကိုယ့်အခန်းကိုသာ ဉီးတည်ပြီးသွားနေခဲ့မိတော့တယ်...

လင်းလက်... လင်းလက်..

နောက်က နေ ကျွန်တော် နာမည်ကို အော်ခေါ်ပြီးပြေးလိုက်လာတဲ့လူကြောင့်..ခြေလှမ်းတွေက ရပ်တန့်လိုက်ခဲ့တယ်...

လင်းလက်.. ခဏနေပါအုံး

ကျွန်တော့်လက် တစ်ဖက်ကို ဆွဲပြီး..မသွားအောင် တားနေပုံပင်..

Crazy love (Complete) Waar verhalen tot leven komen. Ontdek het nu