Chapter 49

458 27 0
                                    

အတူနေထိုင်ခြင်း

ဆူညံသော နိုးစက်ကြောင့် Graceတကယ်အိပ်မရတော့ဘူး။ စိတ်က မြန်ဆန်ပေမယ့် ခန္ဓာကိုယ်ကတော့ တကယ်မြန်မနေပါ။ လေးတိလေးလံဖြစ်နေပြီး စားပွဲသေးသေးလေးပေါ် လက်ရောက်လှမ်းဖို့ ပြင်လိုက်သည်။

အိပ်ရေးမဝတာလည်း မဟုတ်ရပြန်။ ဒါပေမဲ့ အိပ်ချင်မူးတူးဖြင့်ပဲ ကျယ်လောင်မြည်နေသော နိုးစက်ကိုဖြုတ်ကာ ဖုန်းအားသွင်းထားလိုက်တယ်။ ဒီလောက် အလုပ်ပိစိလေးတွေ လုပ်ပြီးသွားပြီဆိုရင်တော့ မအိပ်ချင်တော့ဘူးလို့ ယူဆရင်ယူဆကြလိမ့်မယ်။ စင်စစ်ကား Grace အိပ်ချင်နေတုန်းပဲ။

မူလက နိုးစက်အသံကြောင့် ပတ်ဝန်းကျင်ကိုတစ်စက်ကလေးရယ်မှ သတိမထားမိဘူး။ ယခု သိရှိသွားသည့်အခါတော့ သူမတွင် အိပ်ချင်စိတ်တစ်စက်မျှပင်မရှိတော့။

ဖြူစွတ်နေသည့် စောင်ကိုလွှမ်းခြုံထားပေမယ့် ရုတ်တရက်ထထိုင်လိုက်တာကြောင့် ယင်းစောင်ဟာ သူမ၏ခါးတစ်ဝက်၌ရှိသည်။ ဖဲသားညအိပ်ဝတ်စုံ ဝတ်ထားပြီး Graceဟာ တစ်ခန်းလုံးကိုစေ့စေ့ကြည့်နေ၏။

မနေ့ညက ရုပ်ရှင်အတူတူကြည့်ဖို့ဆုံးဖြတ်ခဲ့ပြီး အကြိုက်ချင်းမတူရာကနေ ပြဿနာစတင်တော့တယ်။ Graceက လူသတ်ကားကြည့်ချင်ပေမယ့် Philipက ရိုမန့်တစ်ဆန်တဲ့ပြင်သစ်အချစ်ဇာတ်လမ်းကို ရွေးချယ်တယ်။ ဒါပေမဲ့လည်း အဆုံးသတ်မှာ Graceရဲ့သဲထိတ်ရင်ဖိုဇာတ်လမ်းက တမင်အရွေးခဲ့ရသည်။ ထိုမှစတင်၍ Philipစိတ်တိုသွားပုံပေါ်တယ်။

အခုလည်းကြည့် ကျယ်ဝန်းတဲ့ ကုတင်ကျယ်ကြီးဘေးမှာ Philipအရိပ်အယောင် တစ်စက်မှမရှိ။ရည်းစားသက်တမ်း တစ်လ/နှစ်လသာရှိပေမယ့် နှစ်ယောက်သားကြားမှာပြဿနာတွေရှိလာပြီထင်ရဲ့။ သို့သော် ဤကိစ္စသေးသေးဟာ ပြဿနာတစ်ခုလို့မဆိုနိုင်ဘူးလေ။

ထို့အပြင် ညက,စကားအများကြီးပြောပြီး စိတ်ထိခိုက်အောင်လုပ်လိုက်သူကလည်း Graceပဲမို့ သူ့မှာတာဝန်အပြည့်ရှိနေတယ်။ အိပ်ချင်တဲ့စိတ်လည်းမရှိတော့သလို သက်ပြင်းချလိုက်ပြီးနောက် အိပ်ရာပေါ်မှထလာခဲ့သည်။

ရုတ်တရက် ရေချိုးခန်းတံခါးဖွင့်သံကိုကြားရ၍ အပေါ်ပိုင်းဗလာနှင့်ခါးမှာတဘတ်ပတ်ထားသော Philipက အခန်းထဲဝင်လာသည်။ ပြုံးရယ်နေတဲ့မျက်နှာဟာ Graceကိုမြင်တော့ ချက်ချင်းငြိမ်သွားတယ်။
မသိသလိုပြုမူပြီး ရေစိုနေသော ဆံပင်တွေကို လက်နဲ့ခါကာ အဝတ်အစားလဲခန်းသို့လျှောက်သွားတော့သည်။

What is Beauty? [Normal]Where stories live. Discover now