Chapter 62

398 17 0
                                    

နီးကပ်လာသော စာမေးပွဲ

Philipရဲ့မိဘအိမ်ကိုသွားတာ ခဏလေးပဲလို့ထင်ခဲ့မိပေမယ့် တကယ်ကျတော့ ပိုပြီးအချိန်ကြာနေခဲ့တယ်။ ဘယ်လောက်ထိ ကြာလည်းဆိုရင် ယခုညနေရောက်မှ ပြန်လာနိုင်ခဲ့သည်။

ဒါတောင်မှ Philip၏ဖခင်ဟာ ညစာစားသွားဖို့တောင် တစ်ဖွဖွပြောသေးတယ်။ သို့သော်လည်း နှစ်ယောက်သား အလိမ်အညာတော်သွားလို့ ကံကောင်းသွားသည်။ အကယ်၍သာ အလိမ်မတော်ရင် ညမိုးချုပ်မှ အိမ်ပြန်ရောက်မယ်ထင်ရဲ့။

" ဘေဘီ အများကြီးပင်ပန်းသွားပြီပဲ "

Philipက ကားမောင်းနေသော် လက်တစ်ဖက်ဟာ Grace၏ခေါင်းလေးကို ခပ်ဖွဖွပုတ်ပေးနေသည်။သူ့ပုံစံဟာ သမီးလေးတစ်ယောက်ကို ပြုမူနေသလိာမျိုးနဲ့ခပ်ဆင်ဆင်။

Grace ဒါကိုမကြိုက်တာမို့ သူ့လက်ချောင်းများကို ဆွဲယူကာ စိတ်တိုတိုနဲ့ကိုက်ပစ်လိုက်သည်။

" အား ဘေဘီ ဒါဆော့စရာမဟုတ်ဘူးလေ။ ကိုယ်က အတည်ပြောနေတာ "

" စကားပြောရင် ဒီခေါင်းပုတ်တာက,လိုလို့လား။ ကိုကို့ကို လုပ်ရင်ကောကြိုက်လို့လား "

" အင်းကြိုက်တယ် "

Graceကတော့ ပြုံးလျက်သာရှိနေသည်။ Philipက ကြိုက်တယ်ပြောသော် တကယ်လုပ်ရင် မကြိုက်တာက သူပါပဲ။ ဒီကိစ္စဟာ သိပ်မကောင်းတော့ အစဖော်လို့မကောင်းဘူး။ Philipက ဒီလိုနေရာက အမှားကိုပြန်ပြင်မှာမဟုတ်မှန်း သိပြီးသား။

ထို့ကြောင့် တစ်ခြားTopicကို ဦးတည်လိုက်တယ်။ သူမ တစ်ခါတလေ ဉာဏ်ပြေးသော်လည်း တစ်ခါတစ်ရံတော့ နည်းနည်းတုံးသည်။

" ကိုကိုပြောတော့ အပြန်မုန့်ဝယ်ကျွေးမယ်ဆို "

​" ပြောလေ။ ဘေဘီ ဘာစားချင်လဲ

" အဲ့တာထက် Z Marketသွားရအောင် အပျင်းပြေပေါ့။ အကယ်လို့ ကိုကိုပင်ပန်းနေရင် မသွားတော့ပါဘူး "

ဒီလိုစကားမျိုးပြောရင် ဘယ်သူကများ မလိုက်ပိုပေးချင်မှာမို့လဲ။ Philipကတော့ ဒီစကားလေးတွေကြောင့် ကြွေပြီးကြွေကျနေတဲ့ သစ်ရွက်ကဲ့သို့။ သူ့ကိုယ်သူ စကားကြွယ်သူလို့ထင်မိပေမယ့် Graceရဲ့စကားလေးတွေက နားထောင်ကောင်းသားပဲ။

What is Beauty? [Normal]Where stories live. Discover now