Chapter 61

397 20 0
                                    

မိဘများနှင့်တွေ့ဆုံခြင်း

မူလက တစ်ယောက်အိပ်ကုတင်နှင့် တစ်ကိုယ်တည်းသုံးပစ္စည်းတွေရှိခဲ့တဲ့ အခန်းလေးဟာ အခုတော့ပြောင်းလဲသွားခဲ့ပြီ။ ကုတင်ကလည်း နှစ်ယောက်အိပ်ကုတင်ဖြစ်သွားပြီး အရာရာကွဲပြားသွားသည်။

တစ်ယောက်တည်းအတွက်တော့ ခပ်ကျယ်ကျယ်လို့ထင်ရပေမယ့် လူနှစ်ယောက်အတွက်တော့ အနည်းငယ်ကျဉ်းနိုင်တယ်။ ဒါပေမဲ့လည်း ဒါဟာ ခဏမျှသာဖြစ်လို့ Graceအများကြီး မတွေးမိပါ။

ညချမ်းအချိန်လေးဖြစ်ကာ နှစ်ဦးသား အိပ်ရာပေါ်မှာရှိနေကြသည်။ ခဏက Philipအကြိုက် Actionဇာတ်လမ်းကြည့်ပြီးပြီဆိုတော့ အိပ်ဖို့ရန်သာကျန်တော့သည်။

Graceသည် Philipကိုကျောပေးထားရင်း အိပ်ရန်ပြင်ဆင်နေတယ်။ နှစ်ဦးကြား စကားတွေမပြောဖြစ်တာကြောင့် အခန်းလေးက ယခင်ထက်ပိုပြီး တိတ်ဆိတ်လျက်ရှိသည်။ နွေရာသီမို့ လေအေးပေးစက်ဖွင့်ထားကာ မီးအလုံးစုံပိတ်ထားလို့ ပိုပြီးနေလို့ကောင်းတယ်။

အေးစိမ့်စိမ့်နဲ့ အိပ်ဖို့အကောင်းဆုံး အချိန်ပါပဲ။ ဒါပေမဲ့ Philipမအိပ်နိုင်ဘူး။ သူ့၏အိပ်မက်ဆိုးတွေကြောင့်မဟုတ်ပဲ Graceကို ဖုံးကွယ်ထားမိတဲ့ကိစ္စတစ်ခုကြောင့်သာဖြစ်တယ်။ အစက သူပြောဖို့စဉ်းစားခဲ့ဖူးသည်။ သို့သော် Surpriseဆိုပြီး လုပ်မယ်လို့ရည်ရွယ်ပြီးကတည်းက မေ့လျော့နေခဲ့တာပဲ။

သူသည် Graceရဲ့ကျောပြင်ငယ်ကို ငေးကြည့်နေရင်းမှ အချိန်မဆွဲတော့ဘဲ ဖက်ထားလိုက်မိသည်။ Back hugsအနေနဲ့ဖြစ်သွားသော်လည်း သူ့ဘေဘီက သဘောကျပုံမရဘူး။ Philipရဲ့လက်ချောင်းရှည်ရှည်သွယ်သွယ်တို့ကို သူမ၏ ကိုယ်ပေါ်မှ ဖယ်ရှားလိုက်တယ်။

" ပူပါတယ်ဆိုမှ။ မနက်ဖြန်စောစောထပြီး နေထွက်တာသွားကြည့်မယ်ဆို ကိုကိုပဲပြောထားပြီးတော့ "

" တော်ပြီ သွားမကြည့်တော့ဘူး "

" ဒါဆိုလည်းအစကပြောလေ အမျိုးမျိုးပြောစရာလား "

Grace မျက်နှာမဲ့လိုက်ရင်း ခဏကဖယ်လိုက်တဲ့ Philipရဲ့လက်မောင်းကိုဆွဲယူကာ ခါးပေါ်မှာတင်လိုက်တယ်။

What is Beauty? [Normal]Where stories live. Discover now