Chapter 37

428 28 0
                                    

အကြွေးရှင်

ညစာစားပြီးလို့ အချိန်ကလည်း ညနက်နေပြီ။ အဆောင်ရဲ့ဧည့်ခန်းမှာ အစ်မကြီးတစ်သိုက်ဟာ ခေတ်စားနေပါတယ်ဆိုသော ရုပ်သံဇာတ်လမ်းတွဲကိုကြည့်နေကြသည်။

Graceက ဒီတိုင်းအခန်းထဲမှာ မနေချင်လို့ ထွက်လာမိတာနဲ့ တန်းတိုးတော့တာပဲ။ အမှန်တော့ အခန်းထဲမှာရေမရှိတော့လို့ မီးဖိုချောင်မှာရေယူဖို့ ထွက်လာခဲ့တာ သက်သက်။ လူကလည်း ယခုထိစပ်စုချင်စိတ်က မပျောက်သေးတာကြောင့် သူတို့ရှိတဲ့ အိမ်ရှေ့ခန်းသို့ လျှောက်သွားမိသည်။
လက်ထဲမှာလည်း ဖန်ရေဘူးကိုပိုက်ထားလျက်။

တီဗီဖန်သားပြင်ထဲက  မင်းသားနဲ့မင်းသမီးက ခံစားချက်ကိုယ်စီရှိကြပြီး ဖွင့်ပြောရမှာကြောက်နေတာကြောင့်  ကြည့်ရှုသူတွေက အားမရဖြစ်နေသည်။ Graceလည်း အခုမှရောက်လာတာဖြစ်ပေမယ့် ဒါတွေကိုကျွမ်းကျင်သူဖြစ်တယ်။

ကြည့်ရှုနေကြသော အစ်မကြီးတွေကိုသတိမထားမိဘဲ ရုတ်တရက်အော်လိုက်သည်။

" အရူးပဲ။ ချစ်တယ်ဆိုချစ်တယ်ပြောလိုက်ပေါ့ "

အားလုံးနီးပါးသော အစ်မကြီးတွေဟာ အသံလာရာသို့ စိုက်ကြည့်ကြပြီး သူတို့မျက်လုံးတွေက Graceဆီမှာကျရောက်လို့။ အားလုံးသော မျက်လုံးတွေကြောင့် သူမ ခပ်လန့်လန့်ဖြစ်သွားရပေမယ့် ဒါကလည်းမှန်ကန်နေပြန်တာမို့ ရှက်ရွံ့ခြင်း အလျှင်းမရှိ။

" ဟုတ်ပ Graceတောင်သိနေပြီ။ ငါဒီဇာတ်လမ်းတွဲကြည့်ရတာ နှလုံးရောဂါရတော့မယ် "

" ဒါပေမဲ့လည်း ကောင်းပါတယ်ဟာ ဒီဇာတ်လမ်းက "

တစ်ယောက်တစ်ပေါက်စီ ပြောချင်ရာပြောကြပြီး Graceကိုလည်း ပြန်လှည့်မကြည့်တော့ပေ။ ဒါပေမဲ့ ထိုထဲက တစ်ယောက်က တစ်ခုခုကို သတိရသွားပြီးနောက် Graceကို လှည့်ကြည့်ကာ

" အော် ပြောဖို့မေးနေတာ။ Graceနင့်အစ်မက ဒီနေ့ညဂျူတီရှိတယ်တဲ့။ ပြီးတော့ ပိတ်ရက်ကျရင် အိမ်ပြန်မယ်လို့ပြောနေသေးတယ် "

" ဟုတ်ကဲ့ "

Graceသည် ခေါင်းညိတ်ပြလိုက်ပြီး လက်ထဲက ရေဘူးကိုအသာပိုက်၍ အိပ်ခန်းသို့ ပြန်လှည့်လာတယ်။ ဒါတောင် အိမ်ရှေ့ခန်းက စကားသံတွေကိုကြားနေရတုန်းပဲ။ ဤကား " Graceကိုလည်း ကြည့်ဖို့ခေါ်လိုက်တာ မဟုတ်ဘူး "
" သူက သရုပ်ဆောင်ဆရာမကြီးလေ ဒါကိုကလေးကစားစရာလို့ထင်မှာပေါ့ " စသဖြင့်ကြားနေရသည်။

What is Beauty? [Normal]Where stories live. Discover now