Chapter 50

488 30 0
                                    

အချစ်ည⚠️

(this chapter includes Romance and Bed sense. But no adult words )

ညစာအတူတူစားရင်း ဒီနေ့အလုပ်အကြောင်း Graceပြောဖြစ်သည်။ အရင်ကဆို အမြဲတမ်းတိတ်ဆိတ်နေတာမို့ ပျင်းစရာကောင်းတယ်လို့ထင်တယ်လေ။ ဒါ့ကြောင့်ပဲ စားရင်းသောက်ရင်း ဒီနေ့ဘယ်လိုအလုပ်များကြောင်း၊မင်္ဂလာဝတ်စုံအတွက် စုံတွဲတစ်ချို့ပြဿနာတက်ကြောင်း စသဖြင့် တစ်နေ့တာ ကြုံခဲ့ရတာတွေကို ဟာသနှောကာ ပြောဖြစ်သည်။

ဒါပေမဲ့လို့ လုပ်ဖော်ကိုင်ဖက်ဆိုတာကြီးတော့ မပြောဖြစ်။Grace နောက်ပိုင်း Tinaနဲ့ နည်းနည်းအဆင်ပြေလာတယ်။ သို့ပေသော် ကိုယ့်အလုပ်က Customerနဲ့အမြဲထိတွေ့ရ၊ဟိုဟာဒီဟာ ပြေးလုပ်ရနဲဲ့ စကားမပြောဖြစ်ခဲ့တာ ပိုများသည်။

Philipကတော့ ညစာစားနေတုန်း သူမစကားကို ကောင်းကောင်းနားထောင်ပေးပြီး တစ်ခွန်း၊နှစ်ခွန်း ပြန်တုံ့ပြန်တတ်သေးသည်။ များသော အားဖြင့်တော့ စကားသိပ်မပြောချေ။

ယခုတော့ နှစ်ယောက်သား အိမ်ရှေ့ခန်းမှာရှိကြပြီး တီဗီဖန်သားပြင်ကိုဖွင့်ထားတယ်။ ညချမ်းအချိန်မို့ တစ်အိမ်လုံးတိတ်ဆိတ်ကာ Graceနဲ့Philipသာ အတူရှိသည်။ စင်စစ်တော့ ည၈နာရီဝန်းကျင်သာရှိလောက်တယ်။

" ဒီနေ့ လုပ်စရာအလုပ်မရှိဘူးလား "

သူမ၏အမေးကို Philipခေါင်းခါပြသည်။ အရင်ကဆို ညပိုင်းအထိအတူမရှိပေးနိုင်ဘဲ အလုပ်ချည်းလုပ်နေမလား။ တော်ရုံဆို စိတ်ပျက်လောက်တဲ့အထိ ဖြစ်ကြလိမ့်မယ်။ ဒါပေမဲ့ Graceကတော့ ဒါကိုနားလည်တယ်။ Philipရဲ့အလုပ်မှာ ဝင်နှောင့်ယှက်ခြင်းမရှိသလို ထိုသူကလည်း ယင်းနည်းတူပင်။

" ကိုယ်တို့ အားလပ်ရက်ကျဘာလုပ်ကြမလဲ "

" အားလပ်ရက်.. တနင်္ဂနွေကိုပြောတာလား "

" အင်း ဘေဘီမအားဘူးလား "

Philipဟာ Graceကို အသာပွေ့ချီပြီး သူ့ပေါင်ပေါ်မှာ ထိုင်ခိုင်းထားသည်။ ဒါပေမဲ့ ဖြူဖြူသွယ်သွယ်လက်ချောင်းများဟာ မိန်းမလှလေးရဲ့ ခန္ဓာကိုယ်ကို ထိကိုင်နေတယ်။ အထူးသဖြင့် ခါးသိမ်သိမ်ကို ပွတ်သပ်နေ၍ လည်ပင်းသားကို တတိတိကိုက်နေသေးသည်။

What is Beauty? [Normal]Opowieści tętniące życiem. Odkryj je teraz