Chapter 14

527 30 0
                                    

ခက်ခဲမှု




တစ်ယောက်အိပ်ကုတင်ကိုကြည့်ရင်း စိတ်ပျက်စွာညီးညူမိသည်။ တကယ်လည်း Graceကိုယ်တိုင် ဒီလိုမျိုးတွေကိုမှမကြိုက်တာ။ ကုတင်ပေါ်ခင်းထားတဲ့ အိပ်ရာခင်းက ပါးလျလွန်းလို့ ကျောနာမယ့်အဖြစ်ကိုမြင်ယောင်နေမိတယ်။ ဒါ့အပြင် မလှမပ ခေါင်းအုံးကိုကြည့်ရင်း Grace ဘယ်လိုမှသီးမခံနိုင်တော့ဘူး။

' သောက်ရမ်းစိတ်ပျက်ဖို့ကောင်းတယ် 'ဟုသာ စိတ်ထဲမှာရေရွတ်ကာ Suitcaseကို ကုတင်အောက်ထားလိုက်သည်။ ဘာမှယူမလာတာမို့ ကိစ္စမရှိပေမယ့် ဒီအရပ်ကအရမ်းစိတ်ပျက်စရာကောင်းတာတော့ အမှန်။ အထဲမှာအဝတ်ကလွဲပြီးဘာမှမရှိ။ အခုလည်း စီးဖို့ sneakerနှစ်ရံလောက်သာပါရှိသည်။

အရင်တုန်းကလို ရှိုးထုတ်လို့မရတဲ့အပြင် ဘယ်သူ့ကိုပြဖို့ဝတ်နေမှာလဲ။ ကလေးတွေကိုကြည့်ပေးရမယ်ဆိုကတည်းက နည်းနည်းလေးမှ စိတ်အဆင်ပြေမနေပါ။ မည်မျှပင်ဖြစ်ပါစေ သူမ၏မျက်နှာထက်၌ မပေါ်လွင်အောင်ထိန်းရင်း အကောင်းဆုံးသရုပ်ဆောင်နေသည်။

ဒါတောင်မှ သရုပ်ဆောင်မေဂျာကိုသုံးနှစ်တိတိတက်ရောက်ခဲ့လို့တော်သေးတယ်။ အကယ်၍ ခံစားချက်အစစ်အမှန်ကိုသာ ချပြမိရင် ဘယ်သူမှလက်ခံမယ်မထင်။

မြို့နဲ့ခပ်လှမ်းလှမ်းလို့ဆိုပေမယ့် မျက်စိထဲမှာတော့ တောရွာထဲရောက်နေသလိုခံစားနေရသည်။ဒီကိုကောင်းမွန်စွာ ရောက်ကြောင့် အိမ်ကိုစာပို့ပြီးတာနဲ့ အဆောင်ထဲကထွက်ခဲ့သည်။ ဟုတ်တယ်လေ။ ဒီလောက်ပျင်းရိဖို့ကောင်းတာကို ဘယ်သူကအကြာကြီးနေချင်မှာလဲ။

ယခုတော့ Graceသည် မျက်နှာကိုဘာမှအုပ်မထားဘဲ ထွက်လာခဲ့တယ်။ သူများမေးရင်လည်း မတတ်နိုင်။ သဘာဝလေတွေကို တဝကြီးရှူရှိုက်၍ ပတ်ဝန်းကျင်အသစ်ကို လေ့လာစူးစမ်းနေသည်။
တကယ်တော့ Graceအနေနဲ့ ဘာတွေဘယ်မှာရှိတယ်ဆိုတာတွေ သိဖို့လိုတယ်။ မည်မျှပင် လူစိမ်းဖြစ်နေပါစေ သိကိုသိရမယ်လို့ သူမတွေးထားသည်ကိုး။

" အော် လာပြီလား။ လာလေ ထမင်းစားရအောင် "

အဒေါ်ကြီးတစ်ယောက်က ထမင်းစားဆောင်ကနေ လှမ်းခေါ်လာတော့ ဘာမသိညာမသိနဲ့ ကြောင်တောင်တောင်ဖြစ်သွားရတယ်။ လက်ထဲက နာရီကိုကြည့်မိတော့ ညနေ၅နာရီခွဲပဲရှိသေးသည်။ ဟိုမှာဆို ၈နာရီလောက်မှ ညစာဆိုတာကြီးကိုစားကြတာလေ။

What is Beauty? [Normal]Where stories live. Discover now