Chapter 2

1K 44 0
                                    

မထင်မှတ်သော ဖြစ်ပျက်ခြင်း

မီးရောင်စုံတို့အောက်မှာ DJသံနှင့်အတူ သံစဉ်တွေကြားမှာ ကခုန်နေကြသော လူငယ်များစွာ။ ယင်းနည်းတူ သောက်စရာဝိုင်း၌  သောက်နေကြသော လူများ။ အတွင်းထဲမှာ သီးသန့်အခန်းတွေရှိပေမယ့် အများစုက လူတွေအများကြီးရှိတာကို သဘောကျကြသည်မလား။

ထိုထဲမှာ Graceတို့အဖွဲ့လည်းပါဝင်သည်။ အားလုံးနီးပါးက ဆိုက်တူဂိုက်တူ၊ အကြိုက်တူမို့ ပျော်ဖို့ပါးဖို့ဆို နှစ်ခါမခေါ်ရဘူး။ အခုလည်း ဘယ်သူ့မွေးနေ့မှ မဟုတ်ပေမယ့် ပျော်ဖို့ရောက်လာကြသည်။ ဒီနေ့က ပိတ်ရက်မဟုတ်ပေမယ့်  ကျောင်းတက်ပြီး ဘာမှအလုပ်မရှိတာမို့ အားလပ်နေကြပုံပေါ်တယ်။

ဧကန်လည်း သူတို့ဟာ မိဘပိုက်ဆံဖြုန်းတဲ့လူတွေချည်း။ တနည်းပြောရရင် လောကကြီးအကြောင်း မသိသေးတဲ့ ကလေးမလေးတွေပေါ့။

" ဟေး ထိုင်လို့ရမလား "

သူစိမ်းအမျိုးသား တစ်ယောက်ဟာ သူမဘေးမှာ ဘလိုင်းကြီးဝင်ထိုင်ပြီး လာကြောင်နေတယ်။ ကြည့်ရတာ ဒီလူလည်း ချောမောလှပတဲ့ အလှအပကြောင့်ပဲလား။

Grace ပြုံးရယ်လိုက်ပြီး လက်ထဲက တစ်ခွက်ကိုသောက်လိုက်သည်။

" ကိုယ့်ကိုကိုယ် တအားရဲတင်းတယ်လို့မထင်ဘူးလား "

" အင်း ကိုယ်ထင်ရင်တောင် မင်းရဲ့အလှကြောင့်ပဲဖြစ်မှာပေါ့ "

ထိုသူစိမ်းအမျိုးသားဟာ သူမကိုစေ့စေ့ကြည့်ပြီးဆိုလာတယ်။ ကိုယ်ကျပ်အင်္ကျီပေမယ့် ရင်ဘတ်ကိုအသားပေးတာမို့ မပေါ်တပေါ် ထိုနေရာကိုမသိမသာကြည့်နေတာ မြင်ရသည်။ ဒါပေမဲ့ ဒါက တစ်ဖက်လိင်အပေါ်စိတ်ဝင်စားကြတာမျိုးပဲ။ ပိုဆိုးလာရင်တော့ Graceလည်း လက်ပါမိလောက်မယ်။

သို့သော် ထိုအမျိုးသားဟာ ပြုံးရယ်ပြလျက် သူမကိုစိတ်ဝင်စားလျက်ရှိသည်။ ကြည့်ကောင်းလွန်းတာ မဟုတ်သော် အနည်းငယ် ကြည့်ကောင်းပါတယ်။ အနည်းဆုံးရှိ သူ့ထက် သုံး/လေးနှစ် အသက်ကြီးမယ့်ပုံ။

လတ်တလောမှာ စားပွဲဝိုင်းမှာ သူမတစ်ယောက်တည်းရှိနေခြင်းဟာ ထိုသူစိမ်းဝင်ရောရ လွယ်သွားပုံရသည်။ ကျန်တဲ့လူတွေဟာ dance floorမှာလူးလိမ့်ကနေကြပြီး သတိရတော့မှာ မဟုတ်ဘူး။

What is Beauty? [Normal]Where stories live. Discover now