Chapter 43: ғᴜʟʟ ᴏғ Rᴏᴍᴀɴᴄᴇ

635 32 0
                                    



" ဟေ့ ဒါရှိသေးရင် ထပ်ထည့်ပေးစမ်းပါ "

စားပွဲပေါ်မှာ ပုလင်းအလွတ်တွေကိုမြင်နေရသော် Philipဟာ သူ့ခံစားချက်တွေကို ယမကာသောက်ရင်း ဖြေဖျောက်ချင်ပုံပေါ်တယ်။ အခုထိ ဒီဘားမှာရှိနေတာ ဘယ်လောက်ထိကြာသွားမှန်း သတိမထားမိတော့ဘူး။
ဧကန် သူ တကယ်မူးနေပြီ။ သို့သော် ကိုယ့်ကိုကိုယ်လိမ်လည်နေသေးသည်။

ဘားက ဝန်ထမ်းလေးမှာ သူ့ကိုကြည့်၍ မျက်နှာရှုံ့မဲ့လို့။ သေတဲ့အထိများ သောက်မလားလို့တောင် ထင်မြင်နေသည်။ ထိုကောင်လေးဟာ Philipကိုကြည့်ကာ

" အစ်ကိုတော်တော်မူးနေပြီပဲ။ ဘာလဲ အသည်းကွဲလို့လား "

" မဟုတ်ဘူး "

လေးလံစွာ ပြောလိုက်ပြီးနောက် Philipက စားပွဲပေါ်မှောက်အိပ်လိုက်သည်။ ခဏတာအနားယူချင်တဲ့စိတ်ကြောင့်ပါပဲ။ အမှန်တော့ သူဒါကိုဝန်မခံဘူး။ အသည်းကွဲတာမဟုတ်ပဲ အငြင်းခံလိုက်ရတာလေ။ ပြီးထပ်မပတ်သတ်ဖို့ပါ အပြောခံလိုက်ရတာ အသည်းနှလုံးကို ဆိုးဆိုးရွားရွားနာကျင်စေတယ်။

ဆိုင်အတွင်း၌ စားသုံးသူတို့ဟာ သူ့ဘာသာအေးဆေး၊ အိန္ဒြေရရရှိနေကြသည်။ Philipတစ်ယောက်တည်းသာ ဝမ်းနည်းမှုကိုခံစားနေရသူနှင့်တူ၏။

အချို့ကျတော့ အတွဲနဲ့လာကြပြီး တစ်ချို့က သူငယ်ချင်းတွေနဲ့လာကာ၊ တစ်ယောက်တည်း စိတ်ညစ်လို့လာသောက်ကြတဲ့ လူတွေလည်းရှိသည်။ သို့ပေမယ့် ထိုလူတွေဟာ Philipလောက် သရုပ်ပျက်လောက်မယ်မထင်။

Philipက ဒီဆိုင်ရဲ့ဖောက်သည်ဖြစ်ကာ သူငယ်ချင်းမိတ်ဆွေတွေလည်း ခေါ်လာလေ့ရှိသည်။ ရံဖန်ရံခါ အေးအေးဆေးဆေးလာသောက်တတ်သေးတယ်။ သို့သော် ဒီနေ့လောက်အထိ ဆိုးရွားတာမျိုးမဖြစ်ဖူးပါ။ ထို့ကြောင့် ဝန်ထမ်းလေးက အသည်းကွဲတာလားလို့ မေးမြန်းတာက ဖြစ်နိုင်သည်။

စားပွဲပေါ်မှာ မိနစ်အနည်းကြာမှောက်အိပ်နေတုန်း စားပွဲပေါ်စိတ်ချလက်ချတင်ထားတဲ့ဖုန်းဟာ မြည်လာခဲ့တယ်။ ဒီအချိန်မှာ အများကြီးသောက်မိသွားလို့ Philipမကြားတော့ပုံရသည်။ ဒါပေမဲ့ ဝန်ထမ်းလေးဟာ အဆက်အသွယ်ကိုကြည့်လိုက်တယ်။

What is Beauty? [Normal]Donde viven las historias. Descúbrelo ahora