Chapter 36

450 28 0
                                    

နောက်ထပ်ပတ်သတ်မှု

လမ်းပေါ်မှာ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ကြောင့် ဝေးတယ်လို့ ခံစားရစေတယ်။ တကယ်က အလွန်ဝေးကွာခြင်းမျိုးမဟုတ်ပေ။ ဒီဆိုင်က မြို့ထဲမှာရှိသော နာမည်ကြီးပြင်သစ်စားသောက်ဆိုင်တစ်ခုဖြစ်သည်။

ဆိုင်အတွင်းထဲက ပြင်သစ်စတိုင်လ်ပြုလုပ်ထားပြီး ဟိတ်ဟန်တွေကိုခံစားရတယ်။ Grace ဒါကိုကြိုက်တယ်ဆိုပေမယ့် မရင်းနှီးတဲ့လူနဲ့အတူလာရတဲ့အခါ အဆင်မပြေချေ။

" ဘွတ်ကင်လုပ်ပြီးသားမို့ ဒီဘက်ကြွပါနော် "

ဝန်ထမ်းအမျိုးသမီးဟာ သူမနှင့်Philipကိုမြင်တော့ ဒီလိုစကားမျိုးပြောလာသည်။ သေချာတာတော့ Philipကိုပြောတာပဲဖြစ်လောက်မယ်။ ဒါနဲ့နေပါဦး။ Booking အထိတောင်စီစဉ်ထားတယ်ဆိုတော့ မဟုတ်မှလွဲရော။

" ဒီက ကြိုမှာထားတာလား "

" အင်းလေ။ မနေ့ညက ဖုန်းဆက်ပြီးတော့ ဆိုင်ရှာထားလိုက်တာ "

အမှန်တော့ တစ်ဆိုင်လုံးငှားထားတာလို့ပြောလိုက်ရင် Graceစိတ်မကောင်းဖြစ်ရမှာစိုးသည်။ ဒီတော့ ဒါကိုလျို့ဝှက်ထားရင်း Philipပြုံးပြတယ်။
ဘာကိုမှမသိသူဟာ Graceဖြစ်ပြီး သူမဟာ Philipပြောတာကို တကယ်ထင်ပုံရသည်။ ထို့ကြောင့် နောက်ထပ်ဘာမှမေးမြန်းမနေဘဲ ဝန်ထမ်းလေးနောက်လိုက်သွားသည်။

ညွှန်ပြထားသော ထိုင်ခုံမှာနေရာယူလိုက်တော့ စားပွဲပေါ်မှာ စားစရာတွေကရောက်နှင့်နေပြီ။ လှပပြီးစားချင်ဖွယ် အစားအသောက်တို့က အရောင်အသွေးစုံလင်လှသည်။ အမြင်ဖြင့်ကြည့်ရုံတင် ဒါဟာ ဈေးကြီးပြီး အရသာရှိမှန်းအသိသာကြီးလေ။

ဘာမှမဆိုဘဲ ထိုင်ခုံမှာထိုင်၍ ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်သည်။ Grace ဒီကိုရောက်ကတည်း ထူးဆန်းတယ်လို့ထင်နေတာ။ အခုတော့ ဆိုင်မှာ ဘယ်သူမှမရှိကြပါလား။ ဝန်ထမ်းတွေနဲ့ သူတို့နှစ်ဦးသာရှိ၏။

အေးတိအေးစက်နဲ့ခြောက်ကပ်ကပ်နိုင်တာကိုတော့ သူမ သဘောမကျ။ နာမည်ကြီးစားသောက်ဆိုင်လို့ပြောပြီး စားသုံးသူမရှိတာ နည်းနည်းသံသယဝင်မိလာတယ်။

What is Beauty? [Normal]Where stories live. Discover now