Chapter 38

423 27 0
                                    

တိုးတက်လာတဲ့ဆက်ဆံရေး

ဧည့်သည်နည်းပါးတဲ့ ဆောင်းရာသီမို့ အမှန်အတိုင်းပြောရရင် အလုပ်ကရှိမနေဘူး။ ဒီတိုင်း သံသရာလည်နေသလိုပဲလို့ ထင်မှတ်ရသည်။ သို့ပေသော် လုပ်ငန်းခွင်ဆိုတော့ မည်မျှပင် သဘောမကျဘူးပဲဆိုဆို သွားရမှာပဲ။

အစ်မဖြစ်တဲ့ ဆရာဝန်Luckyတောင် သူ့လောက်ညီးညူခဲ့တာ မဟုတ်ဘူး။ အဲ့ဒီတော့ အစ်မနီးပါးမဟုတ်တောင် Grace ကြံ့ခိုင်သင့်တာပေါ့။

မနေ့ကတော့ Olivaဟာ သူ့မင်္ဂလာပွဲကို နှစ်သစ်ကူးပြီး ဇန်နဝါရီလလောက်လုပ်မယ်လို့ပြောခဲ့သေးတယ်။ ဒါပေမဲ့လည်း အဲ့အချိန်ရောက်မှ စီစဉ်တာပိုကောင်းလိမ့်မယ်။ အကြောင်းဟာ မင်္ဂလာပွဲတတ်မယ့်လူဖြစ်လို့ ထူးထူးထွေထွေမှရှိမနေဘဲ။ ဘာဖြစ်ဖြစ်တော့ အစ်မOlivaကို ဂုဏ်ပြုပေးရဦးမှာပေါ့။

" ဟဲ့ နင်ဟိုအင်္ကျီဖိုး လျော်ပြီးပြီလား "

" အင်း လျော်ပြီးပြီလေ "

လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူ့ကျောကိုပုတ်လိုက်တာကြောင့် Graceကလည်း ကောင်းကောင်းမွန်ဖြေလိုက်တယ်။ ဒါပေမဲ့လည်း သူမဟာ မယုံသင်္ကာအကြည့်သာကြည့်ပြီး လှည့်ထွက်သွားသည်။

ထို့နောက် သူဟာ တစ်ဖက်က Sooahဆီသွားပြီး စကားဝိုင်းဖွဲ့နေသတဲ့။ အရင်ကဆို ဒါမျိုးက စိတ်ကသိကအောက်ဖြစ်ရသော်လည်း အချိန်ကြာတော့ ဘယ်လိုမှမခံစားဖြစ်။ သို့သော် ဆက်ပြီးဘယ်လိုရပ်တည်ရမလဲ ဆိုတာကိုသာတွေးနေမိသည်။

ထိုစဉ်မှာပင် ဆိုင်ထဲသို့ တစ်စုံတစ်ယောက်ဝင်လာတာကို သတိထားမိလိုက်တယ်။ Graceလည်း ထိုင်ရာမှထရပ်ပြီး ကြည့်မိတော့ စုံတွဲတစ်တွဲဖြစ်သည်။ သေချာပေါက် မင်္ဂလာဆောင်ဝတ်စုံအတွက်လာခြင်းဖြစ်မယ်မှန်း သိလိုက်သည်။

ချက်ချင်း ထိုသို့ အပြေးအလွှားသွားရင်း ဧည့်ကြိုဖို့ ကြိုးပမ်းမိသည်။ အနည်းဆုံးတော့ ဒီနေ့ပျင်းရမှာမဟုတ်လို့ တိတ်တိတ်လေး ပျော်ရွှင်ရတယ်။

ဆောင်းရာသီဖြစ်ရုံမက ဒီဇင်ဘာလဖြစ်သောကြောင့် မျှော်လင့်ချက်များမထားခဲ့ပါဘူး။ ဒါပေမဲ့ သိသင့်တဲ့အရာဟာ မင်္ဂလာဆောင်ခြင်းကိစ္စက ဘယ်အချိန်ဖြစ်ဖြစ်ထလုပ်တတ်တယ်တဲ့။ ဤက ဒီမှာအလုပ်ဝင်လုပ်ပြီးနောက် သူသိခဲ့ရတာပဲ။ ရယ်ရပေမယ့် စုံတွဲတွေရဲ့ ထိမ်းမြားလက်ထပ်ခြင်းက အမြဲရှိနေဦးမှာ။

What is Beauty? [Normal]Where stories live. Discover now