Chapter 44

511 33 0
                                    

ခံစားချက်

" အင်း ငါသိတာမို့ဆက်မခေါ်နဲ့တော့ ဒါပဲ "

Philipဟာ ဖုန်းပြောနေရင်း အလွန်ဒေါသထွက်နေပုံပေါက်တာကြောင့် Graceလည်းအငြိမ်လေး နေလိုက်သည်။သေချာတာကတော့ ပန်းကန်ထဲကာ ချိစ်ပါစတာကိုသာ ခေါင်းငုံစားနေသည်။ ဒါဟာ အလုပ်ကမှန်းအသိသာကြီး သို့ပေသော် အစ်ကိုPhilipက ဘာလို့ဒေါသထွက်နေမှန်းတကယ်မသိပါ။

အရင်တုန်းက, အထူးသဖြင့်ချစ်ခဲ့ရဖူးသော ကိုကိုဆိုရင် ဒီလိုဖုန်းလာတာနဲ့ အမြဲတမ်းထွက်သွားနေကျ။ အိမ်ကဖုန်းလာလို့၊အမေဆက်လို့၊ အလုပ်ကအရေးပေါ်မို့ စသဖြင့် သူတို့ညစာအတူတူစားတာတို့ဆိုတာက လက်ချိုးရေလို့ရတယ်။ နေပါဦး ဒီအတိတ်နဲ့ယှဉ်ယှဉ်ပြီးနိုင်းစရာလိုလို့လား။

ဟုတ်သည်။ အခုက Grace ဘဝသစ်နဲ့အချစ်သစ်ကို စတင်တော့မှာမို့ အတိတ်ဟောင်းတွေကိုမေ့ဖို့သင့်နေပြီ။ အရေးမပါတဲ့အရာတွေနဲ့ ကိုယ့်ကိုကိုယ်မခံစားသင့်တော့ဘူး။

တွေးရင်း အစားအသောက်ကိုငုံ့စားနေမိတာကြောင့် Philipကို သတိမထားမိခဲ့ချေ။ ဖုန်းပြောသံမကြားရတော့မှ သူမ မော့ကြည့်လိုက်တယ်။

သို့သော် Philipကသူ့ကိုစိုက်ကြည့်နေတာနဲ့ တန်းတိုးသည်။ ထိုမျက်ဝန်းညိုညိုတို့က မလွဲရှောင်ပဲ သူ့ကိုပဲကြည့်နေတဲ့အခါ တကယ့်ကိုနေရခက်စေသည်။

" အလုပ်က.."

သူမ နှုတ်ခမ်းတို့ဟပြီးစကားတစ်ကြောင်းကိုဖြောင့်ဖြောင့်မပြောရသေးခင် Philipဟာ နှုတ်ခမ်းတွေကိုထိကိုင်လာတယ်။ တကယ်တော့ နှုတ်ခမ်းမှာကပ်နေတဲ့ ချိစ်တွေကိုဖယ်ပေးနေတာဖြစ်၏။

ဒါပေမဲ့ ဒီသေးသေးလေးက ဘာလို့ရင်ခုန်စရာဖြစ်သွားတာလဲ။
ဘာဆိုဘာမှမပြောနိုင်ပဲ Graceမှာ Philipအား ပြူးကြောင်ကြောင်လေးကြည့်နေသည်။

" ကိုယ့်အလုပ်က ဘာမှမဖြစ်ပါဘူး။စိတ်မပူနဲ့။ စားကောင်းလား ဒီဆိုင်က "

ဘာမှမဖြစ်သလို ပြုမူနေပြီး ဝိုင်ခွက်ကိုယူသောက်နေသည်။ သစ်သီးဝိုင်ဖြစ်ကာ ရစ်မူးစေတာမဟုတ်မှန်း အသိသာကြီး။ ပြူးကြောင်ကြောင်လေး ငေးကြည့်နေတဲ့ Graceကို ဘာလို့ချစ်စရာကောင်းတယ်လို့ Philipထင်နေမိလဲမသိ။ ဒါပေမဲ့လည်း တကယ်လည်းချစ်စရာလေးပဲကိုး။

What is Beauty? [Normal]Where stories live. Discover now