Chapter 35

484 30 0
                                    

ချိန်းတွေ့ခြင်း မဟုတ်တဲ့ ချိန်းတွေ့ခြင်း

ဒီနေ့လည်း ပုံမှန်နေ့တွေလိုကျော်ဖြတ်နေရလျက်ပါပဲ။ သို့သော် ပြင်းထန်စွာကျဆင်းနေသော နှင်းများကြောင့် အရောင်းအဝယ်ကိစ္စပါမက ဤသို့မင်္ဂလာဆောင်ခြင်းကိစ္စတွေက နည်းပါးလွန်းသည်။

ဒါကြောင့် ဆောင်းတွင်းတစ်ခုလုံး ဒီလိုကြီးပဲဖြတ်သန်းရမလား ဆိုပြီး Graceတွေးမိသေးတယ်။ လက်ရှိ၌တော့ ဆိုင်အတွင်းသန့်ရှင်းရေးလုပ်နေရ၍ နွေဦးရောက်ရင် လာတော့မယ့် အလုပ်ရှုပ်စရာတွေအတွက် ပြင်ဆင်နေကြသည်။

တစ်ချို့ကတော့ အဝတ်တွေကိုစေ့စပ်ကြည့်သလို၊ စာရင်းပြုစုကြတဲ့လူများ။ Graceတစ်ယောက်တည်းကို ပစ်ထားပြီး စကားပြောသံတွေကိုပါကြားရသေးသည်။ ထုံးစံအတိုင်း အရည်မရအဖတ်တွေဖြစ်မယ်၊ ဒါမှမဟုတ် မနေ့ကအဖြစ်အပျက်ကို  မန်နေဂျာTinaကိုပြန်ပြောမယ် ဒါပါပဲ။

" ဖယ်ပေးအုံး။ ဒီမှာဖုန်သုတ်မလို့ "

ဧကန်တော့ ဒီအဖွဲ့ကိုမကျေနပ်တာဖြစ်ပြီး တစ်ဖက်လှည့်စကားပြောခြင်းဖြစ်သည်။

သူတို့ဟာ ဖုန်စုပ်စက်တစ်ကိုင်ကိုင်နှင့် အလုပ်လုပ်နေသော Graceကိုကြည့်၍ မျက်နှာမဲ့သွားကြသည်။ အထူးသဖြင့် Sooahက အဆိုးဆုံးဖြစ်တယ်။ သူမဟာ အိတ်ကပ်ထဲက ချိုချဉ်အခွံကို ပစ်ချလိုက်ပြီး

" အမှိုက်တွေကျန်သေးတယ်နော် "

" အဲ့တာ ငါတာဝန်ပါ။ နင်လည်းနင့်တာဝန်နင်လုပ်လေ။ လစာယူထားရင် အဲ့တာနဲ့ထိုက်တန်အောင် ပေးဆပ်ပေါ့ "

ထိုသူများကို ဂရုမစိုက်ဘဲ ကြမ်းပြင်ကိုသန့်ရှင်းရေးမပျက် Graceပြောလိုက်တယ်။ Tinaအပါအဝင် ကျန်တဲ့လူများက အလုပ်လုပ်နေကြပြီး အလုပ်မလုပ်တဲ့Sooahက အထိနာသွားပုံရသည်။

ပါးစပ်က တစ်ခုခုပြောချင်သော်လည်း ကိုယ့်ဘာသာချုပ်တည်းထားရင်း Graceကို မကျေနပ်စွာကြည့်၏။ နောက်တော့ ဘာမှမပြောဘဲ စာရင်းချုပ်လုပ်နေသော Tinaဆီသို့ လျှောက်သွားတော့သည်။

သူတို့တွေ လချုပ်စာရင်းလုပ်ရင်လုပ် မဟုတ်ရင်စကားများနေကြမှာ အသိသာကြီး။ ဒါပေမဲ့ ဒီအရာဟာ Graceနဲ့မှမသက်ဆိုင်။ သူ့အလုပ်က တာဝန်ကျေဖို့တစ်ခုတည်းသာ။ ပြီးတော့ အရေးမပါတဲ့အရာမှာအချိန်မဖြုန်းချင်ဘူး။




What is Beauty? [Normal]Where stories live. Discover now