Chapter 3

941 42 0
                                    

ကံကြမ္မာဆိုး


ဆေးရုံတစ်ခု၏ လူနာခန်းတစ်ခုတွင်ဖြစ်သည်။ ဆေးရုံဖြစ်သည့်အလို့ငှာ ပိုးသတ်ဆေးရနံ့ကို နှာခေါင်းဖျားအထိရနေတယ်။ ကြာသွားရင် ရိုးအီသွားတယ်လို့ပြောရအောင် ကိုယ်တိုင်က သူနာပြုလည်းမဟုတ်သလို၊ ဆရာဝန်ပင်မဟုတ်။

သူမ စိတ်ပျက်စွာ မျက်နှာကျက်ငေးကြည့်မိသည်။ မတော်တဆမှုကြောင့် ဒီကိုရောက်နေတာမှန်း သိသော် ဘာတွေဖြစ်သွားလဲ တကယ်ကိုမသိတာ။

ပျင်းရိတာမို့ ခန္ဓာကိုယ်ကိုကြည့်လိုက်တော့ ဆေးရုံအဝတ်စားတွေ။ လက်မှာလည်း ဆေးသွင်းထားသေးတယ်။ ခန္ဓာကိုယ်က ဘယ်နားတွေချို့ယွင်းသွားမှန်းမသိသော် ဘာမှမဖြစ်ဖို့ပဲ ဆုတောင်းရမှာပဲ။ Grace သူ့ကိုယ်သူမသိပါပဲ တွေးနေမိလိုက်သည်။

ထိုစဉ်မှာပင် မျက်မှန်အဝိုင်းတပ်ထားလျက် ငွေရောင်ဆံပင်အတိုနှင့် မိန်းကလေးက အခန်းထဲဝင်လာသည်။ ထိုသူဟာ Graceရဲ့ အစ်မအရင်း Luckyဖြစ်တယ်။ သူမသည် Graceထက်အရပ်ရှည်ပြီး ပညာအရာထူးချွန်ထက်မြက်သော်  ရုပ်ရည်ကသာမန်မျှသာဖြစ်၏။

ဒါပေမဲ့လည်း သွေးသားရင်းတွေဖြစ်တဲ့အတွက်ကြောင့် ဘယ်သူမှမရှိရင်တောင် Graceလေးဘေးမှာ အမြဲရှိမယ့် အစ်မကြီးသာ။

အရင်လို ဂျူတီကုတ်မဝတ်ထားဘဲ ရိုးရိုးသာမန်အဝတ်အစားသာ ဝတ်ထားသော်  ဆေးရုံကုတင်ပေါ်က ညိီမဖြစ်သူကို စိတ်မကောင်းစွာကြည့်မိသည်။ ရင်နာတာထက် ဘာကိုဘယ်လိုပြောရမှန်းမသိဘူး။
မျက်ဝန်းတွေမှာ မျက်ရည်ပြည့်လျက်နေသော် ဟန်ဆောင်ထားရင်းပင်

" သတိရပြီလား "

" အင်း။ ငါ ဘယ်နေ့အထိမေ့နေခဲ့တာလဲ။ ပြီးတော့ သူငယ်ချင်းတွေကော။ ဟိုဘားကော ဘယ်လိုဖြစ်သွားလဲ "

ယခုချိန်ထိ ကိုယ့်ကိုကိုယ် ဘာဖြစ်နေမှန်းမသိဘဲ အရင်လို သိချင်တာတွေချည်းဇွတ်မေးနေပြန်ပြီ။ Lucky ပြုံးရယ်လိုက်ပြီး ညိီမဖြစ်သူရဲ့ လက်က်ုဆုပ်ကိုင်ကာ

" ဖြေးဖြေးပြောပါ Graceရယ်။ အားလုံးကအဆင်ပြေပါတယ်  ဒါပေမဲ့..."

" ဒါပေမဲ့ ဘာလို့လဲ "

What is Beauty? [Normal]Where stories live. Discover now