Chapter 21: 𝚕𝚘𝚟𝚎 𝚊𝚝 𝚏𝚒𝚛𝚜𝚝 𝚜𝚒𝚐𝚑𝚝

729 34 0
                                    




ခပ်လှမ်းလှမ်းကကြည့်ရင်တောင် သူ့အတွက်ဆွဲဆောင်မှုရှိလွန်းတာကို Philip အတတ်ပြောနိုင်တယ်။ သူ့ကို အရိုးထဲထိတောင် ခံစားရလောက်တဲ့အထိစွဲဆောင်သည်က ပစ္စည်းလည်းမဟုတ်ဘူး။ လူသားတစ်ဦးသာ။

ထိုလူသားမိန်းကလေးက လက်ရှိတွဲနေတဲ့ Rachel Kimလည်းမဟုတ်ပါပဲ။ တစ်ခါမှမတွေ့ဖူးသော မိန်းကလေးသာဖြစ်သည်။ ရင်ထဲက မဖော်ပြနိုင်တဲ့ ခံစားချက်ကိုစတင်ခံစားရပြီး ထိုမိန်းကလေးကိုပဲ ခဏခဏအာရုံစိုက်နေမိတယ်။

အဆုံးမှာ ဆန္ဒပြင်းပြမှုကြောင့် အနီးကပ်ကြည့်ဖို့ဖြစ်လာခဲ့သည်။ တကယ်အနီးကပ်တွေ့လိုက်ရတော့ နှလုံးသားလေး နာကျင်လာတာကိုခံစားမိလိုက်တယ်။ မျက်လုံးတွေကလည်း သူမထံက မခွာချင်အထိဖြစ်ခဲ့ရတယ်။ ပြန်လည်သုံးသတ်ကြည့်ရင် ထိုအမည်မသိ မိန်းကလေးက ထူးခြားတာတစ်ခုမှရှိမနေဘူး။

ပေါ့ပေါ့ပါးပါး အဖြူရောင်ခေါင်းစွတ်အနွေးထည်ပါးလေးနှင့် ဂျင်းဘောင်းဘီရှည်ကိုသာ ဝတ်ထားပြီး အနက်ရောင်ဆံနွယ်တို့ကို စုစည်းသိမ်းထားသည်။ ဝင်းဝါတဲ့အသားအရေနှင့် လှပတဲ့မျက်လုံးတွေ။ အထူးသဖြင့် အပြုံးလှလှလေးပါရှိသေးတယ်။

ဒါပေမဲ့ ညာဘက်ပါးမှာကြီးမားတဲ့ အမာရွတ်က စိတ်ကိုမသက်သာစေဘူး။ သို့သော် Philipအနေနဲ့တော့ အဲ့တာကို သိပ်အာရုံမထားမိ။ လှပတဲ့အပြုံးလေးနောက်မှာ ကောက်ကောက်ပါအောင် လိုက်မိသွားပြီး ဒီခံစားချက်ကို မထိန်းထားခဲ့နိုင်ဘူး။

အတော်အတန်ကြာ တိတ်ဆိတ်နေတဲ့ နှလုံးသားလေးက အခုမှ ပိုင်ရှင်အမှန်ကိုတွေ့သွားသလို တုံ့ပြန်နေသည်။ အမှန်ဝန်ခံရရင် Philipအနေနဲ့ ဒီထူးဆန်းတဲ့ ခံစားချက်ကြီးကို ပထမဦးဆုံးခံစားဖူးတာ။ မချစ်ဖူးတာတော့ မဟုတ်ပေမယ့် အံ့ဩစရာကောင်းတဲ့ ခံစားချက်ကြောင့် နာမည်မသိတဲ့ကောင်မလေးကို မြင်မြင်ချင်းချစ်ကျွမ်းဝင်မိခဲ့တယ်။

သူနဲ့ ထိုကောင်မလေးကြားမှာ တစ်ခုခုရှိနေတာကို ကောင်းကောင်းခံစားလိုက်ရသည်။ ဆက်နွယ်မှုတစ်ခုခု ဒါမှမဟုတ် အတိတ်ဘဝက ပတ်သက်မှုလိုမျိုးဖြစ်လောက်မယ်။

What is Beauty? [Normal]Where stories live. Discover now