Chapter 11

583 31 0
                                    

လွတ်မြောက်ရန် ကံကြမ္မာဖန်



ညနေခင်းအချိန်ရောက်ရှိ၍ အပူချိန်အနည်းငယ်လျော့သလိုခံစားနေရသည်။ ဒါပေမဲ့လို့ နွေရာသီဖြစ်တာကြောင့် အေးချမ်းမှုကို ဘယ်တော့မှခံစားရမယ်မထင်။

ထိုစဉ်မှာပင် အိမ်ခြံဝန်းရှေ့၌ ကားတစ်စီးကိုမြင်ရ၍ များမကြာမီမှာပဲ ၎င်းကားတစ်စီးဟာ အိမ်ရှေ့မှာရပ်နားသည်။ ကားပေါ်ကနေ တစ်စုံတစ်ယောက်ထွက်လာပြီး လက်ထဲကနေ အိတ်တစ်ခုကိုင်ထားသည်။ အဝတ်အိတ်ဖြစ်ပုံရ၍ လျော်ရမယ့်အဝတ်တွေလား၊ အိမ်မှာနေဖို့ အဝတ်တွေလား ဆိုတာတော့ ကာယကံရှင်သာသိပါလိမ့်မယ်။

Luckyသည် လက်ထဲမှာအဝတ်ကိုကိုင်ရင်း ကားသော့ကိုလည်းဆုပ်ကိုင်ထားကာ အိမ်ထဲသို့ဝင်လာတယ်။ သူမ မျက်နှာထက်၌ အလုပ်ပင်ပန်းနေကြောင်းသိသာသော် မိဘတွေကိုမြင်တော့ ပြုံးရယ်ပြသည်။

" အလုပ်ကနေတန်းလာရတော့ ပင်ပန်းမှာပေါ့။ သွားသွား နားလိုက်။ နောက်မှ Graceကိုသေချာပြောပြ "

" ဟုတ်။မနက်ဖြန်လည်း ခွင့်ယူထားတော့ အဆင်ပြေပါတယ် "

ဧည့်ခန်းမှာ ရုပ်ရှင်ကြည့်နေကြသော မိဘများနှင့် ခဏတာစကားပြောပြီးနောက် မီးဖိုခန်းသို့ ဝင်လိုက်သည်။ ဆာလောင်နေတာမဟုတ်ပေမယ့် အိမ်ရောက်ရင် မီးဖိုခန်းမှာ စားစရာရှာတတ်တဲ့ Luckyရဲ့နည်းဗျူဟာဖြစ်တယ်။

ဒီနေ့ အိမ်ကိုလာခင်ကတည်းက မိဘနှစ်ယောက်လုံးက Graceအကြောင်းပြောထားပြီးသား။ ဒါ့အပြင် အသိအဒေါ်ကြီးရဲ့မဆင်မခြင်စကားကြောင့် အများကြီးခံစားနေရကြောင်း၊ ကိုယ့်ကိုကိုယ် အပြစ်တင်ပြီး ငိုနေတာတွေပါပြောပြတာမို့ သူလည်းစိတ်မကောင်းမိ။
တကယ်လို့ Liamရဲ့မိခင်လုပ်လိုက်တဲ့ ပြောပြလိုက်ရင် Graceအခြေအနေက ဒီထက်ပိုဆိုးနိုင်တယ်။

ထို့ကြောင့် Luckyလည်း အဲ့ကိစ္စကို မိဘတွေကိုဖြေးဖြေးမှပြောဖို့စဉ်းစားထားပြီးသား။ ဒါပေမဲ့ Graceအတွက်ကျ  ဒီဒါဏ်ရာတွေလွန်မြောက်ကာမှ အလုံးစုံပြောပြဖို့ဖြစ်တယ်။ ဖြစ်နိုင်ရင်တော့ ဒါကို တစ်သက်လုံးဖုံးကွယ်ထားချင်တာ။  Grace သိခဲ့ရင်တောင် ပိုပြီးနာကျင်ရအုံးမှာလေ။

What is Beauty? [Normal]Where stories live. Discover now