Chapter 8

616 35 0
                                    

အဆိုးများနှင့်ကြုံတွေ့ခြင်း


မနက်ခင်းအချိန်ဖြစ်၍ မိသားစုအားလုံး အိမ်အောက်ထပ်သို့ ရောက်နှင့်နေကြပြီ။ အရင်နေ့တွေကဆို မိခင်ဖြစ်သူက မနက်စာကိုပြုလုပ်ပေးသော် ဒီနေ့တော့ Graceက စောစောထ၍ မနက်စာပြင်ဆင်ပေးသည်။

ထူးထူးထွေထွေ မဟုတ်တဲ့ ပေါင်မုန့်မီးကင်၊ကြက်ဥကြော်နှင့် အသားကြော်များ ဒါ့အပြင် မနက်ခင်းမှာကော်ဖီပူပူနှင့် အစပြု၍ပေါ့။ အရင်နေ့က မနက်ဆို ထမင်းစားလေ့ရှိပေမယ့် Graceကိုယ်တိုင် ပြင်ဆင်ထားတော့ ဘယ်သူမှ ငြင်းမနေခဲ့ဘူး။

" ဒါတွေ နင်လုပ်ထားတာလား "

အိပ်ချင်မူးတူးနှင့် အိမ်ပေါ်ထပ်မှဆင်းလာတဲ့ Luckyဆီက ထွက်လာတဲ့အသံဖြစ်သည်။ ဖေဖေနဲ့ မေမေက ထမင်းဝိုင်းထဲသို့ရောက်နှင့်နေပြီး Graceကတော့ အေပရွန်ဝတ်ထား၍ လက်ထဲမှာ ကော်ဖီခွက်ကိုကိုင်ထားလျက်ရှိသည်။

ထို့နောက် လက်ထဲက ကော်ဖီခွက်အား သူ့အစ်မ၏နေရာမှာ အသာထားလိုက်တယ်။ ဖေဖေကတော့ မနက်စာစားပြီးတာတောင် ထိုင်ရာကမထသေးဘဲ Tabletထုတ်ကြည့်နေသေးသည်။ ဘေးက ကော်ဖီပူပူကလည်းထိထားပုံမရဘူး။

ဖေဖေနဲ့ အစ်မကြီးတို့နှစ်ယောက်က ကော်ဖီပြင်းပြင်းတွေကြိုက်ကြသော်  Graceတို့ သားအမိကတော့ creamyများများကိုပိုကြိုက်သည်။

" မနက်စာအတွက်ကျေးဇူးပဲ အငယ်ရေ။ မေမေလည်း အိပ်ရာထနောက်ကျသွားတာ "

" မဟုတ်တာ မေမေကလည်း သမီးထမင်းဟင်းတွေမချက်တတ်ပေမယ့် ဒါတော့လုပ်တတ်ပါတယ် "

" အင်းကောင်းတယ်။ နောက်ဆိုလည်း များများလုပ်ပေး မင်းတို့မေမေက အလုပ်များတော့ အားမှာမဟုတ်ဘူး "

Graceလည်း မငြင်းတော့ဘဲ လက်ခံလိုက်တယ်။ တကယ်လည်း ဒီအိမ်မှာ အလုပ်မရှိအကိုင်မရှိ၊ အားယားနေတာက သူမပဲမဟုတ်လား။ ဒီတော့ မနက်စာလေးကို တစ်မိသားစုလုံးအတွက် လုပ်ပေးရတာက မပင်ပန်းပါဘူး။ မေမေ့ကို တစ်ဖက်တစ်လမ်းက ကူညီတယ်လို့ သဘောထားလိုက်တယ်။

အမှန် သူသည် သဘောမနှောကောင်းလွန်းသူတော့ မဟုတ်။ ဒါပေမဲ့ ဒီတောင်းဆိုချက်က ကလေးကစားစရာလောက်တောင် မရှိတာမို့ အလွယ်တကူခေါင်းညိတ်မိသည်။

What is Beauty? [Normal]Όπου ζουν οι ιστορίες. Ανακάλυψε τώρα