အခန်း - ၂၉

38.2K 4.5K 1.4K
                                    

UNICODE

မနေ့ကတည်းက ခံစားချက်မကောင်းဘဲ တစ်နေကုန် မျက်ရည် တစမ်းစမ်း ဖြစ်နေခဲ့တာ။ ခရီးသွားရမဲ့ ကိစ္စ သိကတည်းက လူက နေမရအောင် ပူလောင်လာခဲ့တာ။ ညကလည်း ဘယ်လိုမှ အနားကပ်ခွင့် မရခဲ့လို့ တစ်ယောက်တည်း ငိုရင်း မောရင်းနဲ့ ညနက်မှ အိပ်ပျော်သွားခဲ့တာ။

"ဆောလ် ခရီးသွားရမှာမို့ စောင့်နေနော်" လို့ ပြောရမှာလား။

ဒါမှမဟုတ်...

"သိပ်မဝေးတဲ့ အရပ်မို့ ဘေဘီ လာတွေ့ရင် ကောင်းမှာ" လို့ ပြောရမှာလား။

တကယ်သာ ဆိုင်သူတွေ ဆိုရင်လေ...

"ဘေဘီရယ် ဆောလ်နဲ့အတူ လိုက်ခဲ့ပါ့လား" လို့ ချွဲပြောလေး ပြောမိတော့မှာ။

ဒီရက်ပိုင်း ဘာကြောင့်မှန်း မသိ ဘေဘီ အများကြီး မျက်နှာတည်နေတယ်။ တကယ် အများကြီး တည်နေတာမို့ အပြင်ပိုင်းမှာ ဘာမှမဖြစ်ယောင် ဆောင်နေခဲ့ပေမဲ့ ငိုပဲငိုချင်နေခဲ့တာ။ ပျော့ညံ့မှု ဆိုတာ အဲ့ဒီယောက်ျား ခြေဖဝါးနားက အမှုန်အမွှားလေးတွေလို ဆောလ်ကို သိမ်ငယ်စေလိုက်တာများ။

အခုလဲ တာဝန်မပျက် ကျောင်းလိုက်ပို့မဲ့ လူက အိပ်ခန်းထဲမှာ ဖုန်းပြောနေတယ်။ အများကြီး အလုပ်များနေတာ သိတာမို့ ကိုယ့်ကိစ္စကို ဘယ်လို ဖွင့်ပြောရမှန်း မသိ။ မျက်နှာကို အတတ်နိုင်ဆုံး ပြုံးချိုနေအောင် ပြုပြင်ပြီး အိပ်ခန်းနား ကပ်လာချိန် ကြားလိုက်ရတဲ့ အသံက...

"အိုကေပါ၊ ချက်ချင်း အတည်ပြုပြီးတာနဲ့ မေးလ်ကနေ ပြန်ပို့လိုက်မယ်၊ ဒီနေ့ နောက်ဆုံးရက် ဆိုတာ ကျုပ် လုံးလုံးမေ့သွားတယ် မာလ်း၊ ကျုပ်ဘက်က လိုအပ်ချက်မို့ တောင်းပန်ပါတယ်၊ စိတ်ချပါ ခင်ဗျားကို စိတ်မပျက်စေရပါဘူး"

တစ်ဖက်က ဘာပြန်ပြောလဲ ဆောလ် မကြားရပေမဲ့...

"ဒီရက်ပိုင်းမှာ တွေးစရာတွေ တော်တော်လေး များနေလို့ သတိလွတ်သွားတာပါ၊ ခေါင်းတစ်ခုလုံး ပေါက်ထွက်မတတ် ဖြစ်နေလို့ အလုပ်ကို အာရုံမစိုက်လိုက်နိုင်ဘူး ဖြစ်သွားတယ်၊ ဘယ်တုန်းကမှ ဒီလို မဖြစ်ဖူးတာ ခင်ဗျားတို့ အသိပါ၊ အခုလဲ ကျုပ်ကြောင့် နှောင့်နှေးသွားရင် ဆောရီးပါ၊ အချိန်မီ ပို့ဆောင်ဖို့ ကြိုးစားပါ့မယ်"

"Take Me Home Where I Belong" (Completed)حيث تعيش القصص. اكتشف الآن