အခန်း - ၂၆

37K 4.1K 1.1K
                                    

UNICODE

စိတ်အခြေအနေ ကောင်းချိန်တိုင်း မနက် ငါးနာရီလောက်ဆို ကျန်းမာရေးအတွက် ရောက်လေရာ အရပ်မှာ ပုံမှန် လမ်းလျှောက် ထွက်တတ်တဲ့ သူက ပန်းခြံထဲမှာ တစ်နာရီနီးပါး ပတ်ပြေးပြီးပြီ။ အကြောအခြင် ဆန့်ပြီးချိန် လက်က နာရီကို ကြည့်တော့ မနက် ခြောက်နာရီ။ လမ်းမပေါ်မှာ သူသူကိုယ်ကိုယ် လေ့ကျင့်ခန်း လုပ်သူတွေနဲ့ စည်ကားလွန်းနေတယ်။

ခြေလှမ်းတွေကို တစ်နေရာဆီ ဦးတည်တော့ အနီးဆုံး စူပါမားကတ်တစ်ခုကို ရောက်လာတယ်။ ဒါ သူ့အတွက် ပုံမှန် တာဝန်တစ်ခုပဲ။ အသီးအရွက်နဲ့ အသားငါးကို သုံးရက်စာလောက် ဝယ်ဖြည့်မယ်။ ပြီးရင် ယန်နို့အတွက် အစာခြောက်တွေ ဝယ်ဖြည့်ထားရမယ်။

ဒါကလဲ တွေ့တာ ကောက်ဝယ်သွားလို့ ရတာမျိုး မဟုတ်။ တံဆိပ် မမှားအောင် အထပ်ထပ် သတိပြုပြီးမှ ဝယ်ရပုံက ယန်နို့မိခင် မဟာကြွက်စုတ်ကြီးရဲ့ အမိန့်တော် အတိုင်းပါပဲ။

လမ်းလျှောက်ထွက်တိုင်း ဈေးဘက် မကြာခဏ မလာချင်လို့ ပြီးခဲ့တဲ့ရက်က အသီးအနှံတွေ၊ အရွက်တွေ အများကြီး ဝယ်မိပြီးကတည်းက သူ အဆူခံလိုက်ရတာ၊ နားပါမခံနိုင်။

"အသီးအရွက်တွေ၊ အသီးအနှံတွေ ဆိုတာ လတ်လတ်ဆတ်ဆတ်မှ စားလို့ကောင်းသလို၊ လိုအပ်သလောက်ပဲ ဝယ်ရတယ် ဘေဘီရဲ့၊ တစ်အိမ်လုံးမှာ မိသားစု သုံးယောက် ရှိတယ် ဆိုပေမဲ့ တကယ် စားတာက နှစ်ယောက်တည်း ရှိတာကို ဘေဘီက ပိုးဟပ်စာပါ ဝယ်နေတာလား" တဲ့။

ကိုယ့်အပြစ်နဲ့ကိုယ်မို့ အောင့်သက်သက် ငြိမ်နေခဲ့ရတယ်။ အဲ့ဒီရက်က ဝယ်ထားသမျှ အသီးအနှံတွေက တကယ်လဲ မကုန်လို့ လွှင့်ပစ်ခဲ့ရတယ် မဟုတ်လား။ ဒါကြောင့် သူ ဈေးဝယ်မထွက်ချင်တာ။ ဈေးမသွားချင်တာ။ သူ့အကျင့်က ဈေးဝယ်ရင် အတိုင်းအဆ မဲ့မဲ့သွားတတ်တာ။

ကိုယ့်အကျင့် ကိုယ်သိလို့ မကြာခဏ ဈေးဝယ်ထွက်တာမျိုး မလုပ်ပေမဲ့ ထွက်လိုက်တိုင်း သဘောကျစရာလေးများ မြင်ရင် မရပ်မနား ဝယ်ချင်လာတာ။ ဈေးတန်းကြီးထဲ တမေ့တမော လျှောက်ပတ်နေမိတာ။

အရင်တုန်းကဆို လှမယ် ထင်တဲ့ အမျိုးသမီး အသုံးအဆောင်တွေ မေမေ့ဆီ မကြာခဏ ဝယ်ပို့တတ်ပေမဲ့ မေမေက ပြောတယ်။ အသက်ကြီးလာတဲ့ အမျိုးသမီးတစ်ယောက်အတွက် အထူးတလည် လိုအပ်တာ မရှိကြောင်း တားလွန်းမက တားမှ သူ လက်လျှော့လိုက်ရတာ။

"Take Me Home Where I Belong" (Completed)Where stories live. Discover now