အခန်း - ၅၃ (ဇာတ်သိမ်းပိုင်း)

70.8K 4.6K 760
                                    

UNICODE

"အချစ် ဘယ်မှာလဲ"

"အိမ်ရောက်နေတာ မောင်ရဲ့"

ထင်တဲ့အတိုင်း ဆိုင်မှာ မဟုတ်တော့ သူ့မျက်ခုံးတန်းတွေ အလိုလို ပင့်တက်လာခဲ့တယ်။

"မောင့်ကို ဘာလို့ မပြောတာလဲဟင်"

"ဆိုင်အတွက် သုံးဖို့ ပစ္စည်းလေးတစ်ခု မေ့ကျန်ခဲ့လို့ ပြန်ယူတာလေ၊ မောင် ပင်ပန်းမှာစိုးလို့ တမင် မပြောတော့တာ"

"ဒါဆို ဆိုင်ကို ပြန်မှာမို့လား၊ မောင် လာကြိုပေးရမလား"

ရယ်သံလေး ချိုမြစွာ ကြားလိုက်ရပြီး...

"မကြိုပါနဲ့ မောင်ရယ်၊ ခုနကမှ ဆိုင်ကနေ ထမင်းစားပြီး ပြန်သွားတဲ့ဟာကို ပင်ပန်းမှာ စိုးရိမ်လို့ပါဆို"

"မောင်က ပင်ပန်းချင်တာကွာ"

သူ ဂျီကျနေလေ၊ ရယ်သံလေးက ပြတ်မသွားလေ။

"ဒါဖြင့် ညနေကျမှ စောစောလာကြိုနော်၊ တောင်စောင်းမှာ ဆောလ်တို့ လမ်းလျှောက်ရအောင်"

တစ်ထစ်လျှော့ချလိုက်ရတဲ့ ကောင်က...

"အိုကေပါဗျာ၊ မောင် လာကြိုပါ့မယ်၊ စက်ဘီး ဖြည်းဖြည်းနင်းနော် အချစ်"

"အင်းပါ ဘေဘီရဲ့၊ စိတ်ချနော်၊ ချစ်တာ သိတယ်မလား"

"သိပဗျာ၊ သိပ"

ထိုအချိန်မှာ တံခါးတွန်းဖွင့်သံ ကြားလိုက်ရပြီး...

"အား..."

အော်သံစူးစူးလေးကို ရုတ်တရက် ကြားလိုက်တာမို့ ခြေမကိုင်မိ၊ လက်မကိုင်မိ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့တယ်။ စိုးရိမ်ရေမှတ်ဟာ ရာနှုန်းပြည့် မြင့်တက်လာခဲ့ပြီး...

"ဘာဖြစ်တာလဲ အာနို၊ ဘယ်သူ ရောက်လာတာလဲ၊ ဘာလို့လဲ၊ ပြောပါအုံး... မောင့်ကို ပြောပါအုံး"

အသက်မရှူတမ်း မေးလိုက်မှ ရယ်သံလေး ကြားလိုက်ရပြီး...

"မာမား ရောက်လာတာ ဘေဘီ၊ ဆောလ် ဘာမှမဖြစ်လို့ စိတ်မပူနဲ့နော်၊ ညနေကျ တွေ့မယ် သိလား"

စိတ်မပူဖို့ ပြောပြီး ဖုန်းချသွားပေမဲ့ လူက မနေနိုင်။ မိခင် ရောက်လာတာမို့ အန္တရာယ်ကင်းတာ သိပေမဲ့ ဘာကို မြင်လို့ လန့်အော်လိုက်မှန်း မသိရ။

"Take Me Home Where I Belong" (Completed)Where stories live. Discover now