အခန်း - ၄၄

34.3K 3.8K 611
                                    

UNICODE

"အခု လူသတ်ဖို့ ကြိုးစားနေတာလား"

တားမြစ်သံနဲ့အတူ အားပြင်းတဲ့ ဖမ်းဆုပ်ကိုင်မှုအောက်မှာ အယ်တန့်ခင်မျာ မရုန်းသာ။ တပည့်တပန်း များစွာ စောင့်ကြည့်နေတဲ့ကြားက သားအဖရန်ပွဲကြားကို လူတစ်ယောက် ဘယ်အပေါက်ကမှန်း မသိ လျှပ်တစ်ပြက် ရောက်လာတာကို မယုံနိုင်ဟန်နဲ့ မျက်နှာကို ဆတ်ခနဲ လွှဲပစ်လိုက်ပေမဲ့ မီဟန်မတူ။

"မျက်နှာ လွှဲထားလဲ အပိုပဲ အယ်တန်၊ ဆွစ်ရဲ့ အချမ်းသာဆုံး သူတော်ကောင်း သူဌေးကြီးကို ကျုပ်က မြင်ပြီးပြီ"

နာမည် အတိအကျ ခေါ်ရုံမက ဖမ်းဆုပ်ထားသူဆီက လှောင်ရယ်သံ ထွက်လာတဲ့အခါ အယ်တန့် အော်သံကြီးက မိုးထဲမှာ ဟိန်းထွက်လာတယ်။

"မင်းတို့ သောက်လုပ် မလုပ်ကြဘူးလား၊ ဒီသောက်ကောင်က ဘယ်အပေါက်က ရောက်လာတာလဲဟမ်"

ယောက်ျားရင့်မာကြီးရဲ့ အော်သံက ပတ်ဝန်းကျင်ဆီ ဟိန်းခနဲ လွင့်ပျံသွားတဲ့အခါ တူညီဝတ်စုံနဲ့ လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပြီး သူတို့သုံးယောက်အနီးကို ကျားရိုင်းသဖွယ် ဝိုင်းအုံလာကြတယ်။ ထိုအချိန်မှာ အယ်တန့်ကို ပိုတင်းကျပ်အောင် ချုပ်ကိုင်လိုက်သူက...

"သတ္တိရှိရင် ရှေ့တိုးလာကြစမ်း၊ မင်းတို့ရဲ့ သောက်ဘောစိအစား ဘောစ့်အသစ် အနေနဲ့ ငါ့ကို မော်ဖူးချင်ကြသလား၊ ရတယ် လာခဲ့၊ သတ္တိရှိရင် တိုးလာခဲ့"

ခြိမ်းခြောက်မှုဟာ အလုပ်ဖြစ်သွားသလို ရှေ့တိုးလာတဲ့ အယ်တန့်တပည့်တွေက သခင့်အမိန့်ကို စောင့်နေပြီး ဆက်တိုးရနိုး မတိုးရနိုးနဲ့ ကုံးကုံးကွကွ ဖြစ်ကုန်ကြတယ်။ ထိုအချိန်မှာ အယ်တန့်ကို ဖမ်းချုပ်ထားဆဲလူက မြေပြင်ပေါ်မှာ ပက်လက်ဖြစ်နေတဲ့ ကိုင်လာ့ဆီ လက်တစ်ဖက် ကမ်းပေးရင်း...

"မြန်မြန်ထ"

အမိန့်ဆန်တဲ့ အသံကို ဘယ်မှာ ကြားဖူးနေမှန်း မသိ။ ဝန်းကျင်တစ်ခွင်ဟာ မှောင်မဲနေရုံမက အညှိုးတကြီး ရွာချနေတဲ့ မိုးအောက်မှာ ကယ်ဆယ်သူရဲ့ ပုံရိပ်ဟာ အခုထိ ဝိုးတဝါး။ မျက်မှောင်ကြုတ်လျက် အကဲခတ်ဆဲမှာ ထွက်လာတဲ့ သွားကြားစေ့သံက...

"Take Me Home Where I Belong" (Completed)Where stories live. Discover now