UNICODE
"မောင့်လက်တွေ အေးစက်နေပြီ ဟိုတယ် ပြန်ရအောင်လေ"
မောင့်လက်ဖဝါးလေးကို သူ့ပါးနဲ့ ထိကပ်လျက် ပြောလိုက်တော့ နှာခေါင်းရှုံ့ပြတယ်။
"မောင် မဝင်ချင်သေးဘူး၊ ဇ အေးနေပြီလား၊ အိပ်ချင်ပြီလားဟင်"
ဂရုဏာပြည့်နေတဲ့ အသံလေးကြောင့် ခေါင်းအသာယမ်းပြရင်း...
"ဘေးမှာ မောင်ရှိနေသမျှ ကိုယ်က အေးပါ့မလား၊ မောင် အေးနေမှာစိုးတာ"
ပခုံးလေးနှစ်ဖက်ကို ဖွဖွအုပ်ကိုင်ပြီး ပြောတော့ မောင်က ခေါင်းညိတ်တယ်။
"ဒါဆို ဆယ်မိနစ်လောက်ပဲ ထပ်လျှောက်ရအောင်နော်"
"မောင့်သဘောပါ"
မောင့်ခန္ဓာကိုယ် တစ်ခြမ်းလောက်ကို ရင်ခွင်ထဲ ရောက်အောင် ဆွဲသိမ်းပွေ့ဖက်ရင်း နှစ်ယောက်သား ညလယ်ခေါင်မှာ အေးအေးလူလူ လမ်းပတ်လျှောက်နေမိတယ်။ ရှူရှိုက်ရတဲ့ ညလေပြေက သိပ်ကို လတ်ဆတ်သလို ဘယ်အရပ် ရောက်ရောက် ဘေးမှာ မောင်ပါနေသမျှ သူကတော့ ပျော်နေတာပါပဲ။
နှစ်ယောက်သား ည ၁၂ နာရီ ကျော်မှ ဟိုတယ်က ပြန်ထွက်လာကြတာ။ သူတို့လိုပဲ ညလယ်ခေါင်မှာ လမ်းထွက်လျှောက်သူတွေက လမ်းမပေါ်မှာ မပြတ်။ မောင်နဲ့သူ ဒီနေ့ပဲ ဘာဆယ်ကို ရောက်ကြတာ။ ဘာကြောင့် ရောက်လာရသလဲ ဆိုရင် သူငယ်ချင်းမလေး Elena ရဲ့ မင်္ဂလာပွဲကို စုံတွဲလိုက် တက်ရောက် ချီးမြှင့်ရတယ် ဆိုပါတော့။
မောင့်ကျောင်းက မပိတ်ပေမဲ့ မောင် မလိုက်ရင် မသွားဘူးလို့ ဂျီကျလိုက်တော့ ချစ်တဲ့ မောင်က နှစ်ခါ မငြင်းရှာ။ Elena နဲ့ မောင်ကိုယ်တိုင် ရင်းနှီးတာကြောင့်လဲ ပါပါတယ်။ ရောက်ကတည်းက မင်္ဂလာပွဲ တန်းတက်ရပြီး အသစ်စက်စက် သတို့သမီးလေးက သူ့အိမ်မှာ တည်းစေချင်ပေမဲ့ တစ်ခါသေဖူး ပျဉ်ဖိုး နားလည်တဲ့ သူလိုကောင်က မောင့်လက်ဆွဲပြီး ဟိုတယ်မှာသာ တည်းပါတယ်။
မောင့်ကျောင်းခရီးစဉ်နဲ့ ဂျာမဏီကို သွားခဲ့တဲ့ တစ်ခေါက်မှာ Alix တို့အိမ် လိုက်တည်းမိရာက Alix ညီမလေး Jutta နဲ့ မောင့်ကို ဘယ်လောက် သဝန်တိုခဲ့ရတယ် မှတ်သလဲ။ ဟိုကလေးမလေးက မောင့်ကို ဘယ်လောက်တောင် ငမ်းလိုက်တယ် မှတ်သလဲ။ အဲ့ကတည်းက မှတ်သွားတဲ့ ကောင်က ဘယ်အရပ်ရောက်ရောက် မောင့်လက်ဆွဲပြီး ဘယ်သူ့မျက်နှာမှ ထောက်စရာ မလိုအောင် ဟိုတယ်မှာသာ တည်းပါတယ်။
YOU ARE READING
"Take Me Home Where I Belong" (Completed)