အခန်း - ၉

42.2K 5.1K 3.2K
                                    

UNICODE

ဖုန်းအလန်းသံကြားမှ အိပ်ရာကနေ မနည်းလူးလဲ ထရတယ်။ ဟုတ်တာပဲ။ သူ အစည်းအဝေး တက်ဖို့ ရှိနေတယ်။ ဒီတစ်လော ဆွစ်က မွေးမြူရေးခြံမှာ နွားပေါက်ကလေးတွေ မကြာခဏ ရောဂါပိုး ဝင်တာနဲ့ ပတ်သက်ပြီး ဆေးစစ်ချက် အဆင့်ဆင့်ကို ခြံပိုင်ရှင် သူငယ်ချင်းက မကြာခဏ လှမ်းပို့ပေးတယ်။ သူ့ကိုလဲ ကိုယ်တိုင် လာကြည့်စေချင်ကြောင်း အားတိုင်း ဖုန်းဆက်ခေါ်နေတော့တာ။

အဲ့ဒီခြံကြီးမှာ သူ့ရှယ်ယာက လေးဆယ် ရာခိုင်နှုန်း ပါဝင်ပါတယ်။ နွားပေါက်ကလေးတွေ ဆက်တိုက် ရောဂါဖြစ်ကြတယ် ကြားရတော့ စိတ်မကောင်း ဖြစ်နေတာ ကြာပြီ။ မွေးမြူရေးခြံကို ပုံမှန်စစ်ဆေး ကုသပေးနေတဲ့ ကျွမ်းကျင်သူ အဖွဲ့အစည်းတွေ ရှိပေမဲ့ အကူအညီ ဖြစ်လိုဖြစ်ငြား ရောဂါနဲ့ ပတ်သက်တာတွေ ရှာဖတ်ရင်း ညက အိပ်ရာဝင်တော့ပဲ အတော်လေး နောက်ကျနေပြီ။

ဒီမနက် တက်ရမဲ့ အစည်းအဝေးကတော့ လူဇင်ဘတ်မှာ သူ ရှယ်ယာ ဝင်ထားတဲ့ အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီကြီး အတွက်ပါ။ လုပ်ငန်း ပေါ်လစီ အသစ် ပြောင်းလဲခြင်းနဲ့ အုပ်ချုပ်ရေး လူကြီးပိုင်း အပြောင်းအလဲ မဲခွဲဆုံးဖြတ်မှာနဲ့ ပတ်သက်ပြီး အရင်ရက်ကတည်းက အစည်းအဝေး ရှိကြောင်း အီးမေးလ် လက်ခံရရှိထားတာ။

ညတုန်းက ကျိန်းသေ တစ်နာရီ စောပြီး အလန်းပေးခဲ့တယ် ထင်ပေမဲ့ နာရီ လှမ်းကြည့်တော့ မီတင်တက်ဖို့ ၁၅ မိနစ်အလို။ သူ တစ်ခါ ရေအိမ် ဝင်တိုင်း နာရီဝက်လောက် ကြာပုံမျိုးနဲ့ မီပါ့မလား။ ခေါင်းကို တဗြင်းဗြင်း ကုတ်မိရင်းက ကိုယ့်ကိုယ်ကိုယ် တဖျစ်တောက်တောက် လုပ်နေမိတယ်။

-ဘာကြောင့် စောစော မထတာလဲ ဘရိုင်ယန်၊ ဟမ်။

-မထချင်လို့ပေါ့ကွာ၊ ဒါတောင် မသိဘူးလား။

တစ်ယောက်တည်း မေး၊ တစ်ယောက်တည်း ဖြေနေတဲ့အချိန် နှစ်ဖက်တည်း ရှိတဲ့ ခြေထောက် နှစ်ချောင်းက အချင်းချင်း မသင့်မြတ်။ အမြန်ပြီးလိုဇောနဲ့ ပြေးရင်းလွှားရင်း ဘယ်နဲ့ညာက စစ်ခင်းကြတော့ ကြားထဲက ခလုတ်တိုက်လဲရတာ သူ ဖြစ်သွားတယ်။

"Take Me Home Where I Belong" (Completed)Where stories live. Discover now