အခန်း - ၅၁

43.5K 4K 1.1K
                                    

UNICODE

"အချစ်ရေ လွမ်းလှပြီ"

ဖုန်းမျက်နှာပြင် တစ်ဖက်ခြားက အကဲပိုနေသူကို နှာခေါင်းရှုံ့ပြလိုက်မိတယ်။

"ဘယ်တော့ပြန်လာမှာလဲ"

"မကြာခင်ပေါ့ အချစ်ကလေးရဲ့"

"ခွင့်တင်ပြီးသားလို့ ပြောတာ ကြာပြီလေ၊ ဘာလို့လဲ"

"ဘာလို့လဲ ဆိုတော့..."

ထရယ်နေတဲ့ ဆန်းမားကြောင့် မျက်နှာကို စူပုပ်ထားလိုက်မိတယ်။

"ဘာလဲ အခုတွဲနေတဲ့ လူကို ခေါ်လာဖို့ သူ အားမဲ့ရက်အထိ စောင့်နေတာပဲ မဟုတ်လား"

"အိုး... မှန်လိုက်တာ အချစ်ကလေးရယ်"

"ဆန်းမားတို့များ မပြောင်းလဲသောနော်"

"ဒါမှ ဆောလ်လေးရဲ့ အစ်မ ပီသမှာပေါ့ မဟုတ်ဘူးလား"

"ဆောလ်ကို ဆွဲဆွဲမထည့်ပါနဲ့၊ ဘဝမှာ တစ်ယောက်တည်း ချစ်ခဲ့ပြီး အဲ့တစ်ယောက်တည်းနဲ့ လက်ထပ်ခဲ့တဲ့ လူပါနော်"

"ဟုတ်ပါပြီ မင်းသားလေးရယ်၊ ပြောနိုင်သူက ပြောထားပေါ့၊ အစ်မလဲ အခုတစ်ခါက အတည်ပါနော်"

တစ်ယောက်နဲ့ တွဲလေတိုင်း အတည်လို့ ပြောတတ်တဲ့ စကားကို မအောင့်နိုင်သလို ရယ်ပစ်မိတော့ ဆောလ်နဲ့အတူ လိုက်ရယ်နေပြန်တယ်။

"မင်္ဂလာရက်အမီ ရောက်မလာရင် တကယ် စိတ်ဆိုးမှာနော်"

"အဲ့လို ဖြစ်စရာလား ဆောလ်လေးရယ်၊ ကျောင်းပြီးသွားတဲ့ အတွက်ကော၊ မင်္ဂလာပွဲ အတွက်ကော အစ်မက အများကြီး ဂုဏ်ယူတယ်နော်၊ အချစ်ကလေး ပျော်နေတယ်မို့လား"

"အစ်မ ရောက်မလာသေးတာက လွဲရင် အများကြီး ပျော်ပါတယ်၊ ဒါ့ထက် ချစ်သူအသစ် နာမည်က ဘယ်သူတဲ့လဲ"

"ချာလီတဲ့"

"ဘယ်နှယောက်မြောက်လဲ"

"၃၄၈ ယောက်မြောက် ထင်တာပဲ"

ပြောင်စပ်စပ် ဖြေပြီးတာနဲ့ သဘောကျဟန် ရယ်နေပြန်တယ်။

"အဟား... ကြည့်လုပ် အစ်မရေ၊ နင့်ကြောင့် ယောက်ျားလေးတွေ ဘဝမပျက်ပါစေနဲ့"

"Take Me Home Where I Belong" (Completed)Место, где живут истории. Откройте их для себя