အခန်း - ၄

48.7K 5.5K 497
                                    

UNICODE

အတိတ်ဘဝကုထုံးကို လက်ခံဖို့ အတည်မပြုခင်တည်းက ဆောလ်အကြောင်းကို အစအဆုံး ပြောပြတဲ့အခါ မစ္စတာလော်ရန်က ငြိမ်သက်စွာ နားထောင်နေတယ်။ စကားဆုံးသွားတဲ့အခါ ခုံကို လက်နဲ့ အသံမြည်အောင် အတန်ကြာ တဒေါက်ဒေါက်ခေါက်နေပြီးမှ...

"နားထောင်ကြည့်ရသလောက် ခင်ဗျားတို့သဘောက ကလေးကို ဘဝဟောင်းနဲ့ ချိတ်ဆက်စေချင်တဲ့ ပုံပဲ၊ မှန်တယ် မဟုတ်လား၊ မစ္စတာမာကို"

အန်မာ့ကို အတည်ပြုသလို လှည့်ကြည့်ရင်း မာကိုက ခေါင်းညိတ်တယ်။

"မှန်ပါတယ် မစ္စတာလော်ရန်"

"ဟုတ်ပါပြီ၊ ချိတ်ဆက်လို့ ရပြီ ထားပါတော့၊ ခင်ဗျားတို့က ဘာဖြစ်ချင်တာလဲ"

မျက်မှောင်ကုတ်လျက် မနှစ်မြို့သလို တည့်တိုးဆန်တဲ့ အမေးစကား။ တည့်တိုး မေးလိုက်တာကို မာကိုကလဲ တည့်တိုး ပြန်ဖြေပါတယ်။

"ဆောလ်ရဲ့ အတိတ်ဘဝ မှတ်ဉာဏ်တွေကို ရသလောက် ဖျောက်ပစ်ချင်တာ၊ ဖြစ်နိုင်ရင် ဘာတစ်ခုမှ ကြွင်းကျန်မရစ်အောင် ဖြတ်ထုတ်ပေးချင်တာ၊ အဓိက,ကတော့ မိဘတစ်ယောက် အနေနဲ့ ဆောလ် နာကျင်နေတာ မမြင်ရက်တာပါ"

"အိုး... ဒီလောက်စွမ်းရအောင် ကျုပ်က နတ်ဘုရား မဟုတ်ဘူးလေဗျာ"

မစ္စတာလော်ရန်ရဲ့ ခနဲ့သံအဆုံး မာကို ငြိမ်ကျသွားတဲ့အခါ...

"တကယ်ဆို ဘာကုထုံးမှကို ယူစရာ မလိုဘူး မစ္စတာမာကို၊ ခင်ဗျားတို့ လေ့လာကြည့်ရင် သိလိမ့်မယ်၊ အတိတ်ဘဝနဲ့ဆိုင်တဲ့ ကလေးတွေရဲ့ မှတ်ဉာဏ်က ပုံမှန်ဆို အသက် ၇ နှစ်လောက်အထိပဲ တည်မြဲတတ်ကြတာ၊ အဲ့နောက်ပိုင်း အသက်အရွယ်ကစလို့ လက်ရှိဘဝရဲ့ မှတ်ဉာဏ်ဖွံ့ဖြိုးမှုနဲ့ အတွေးအခေါ်တွေက သူတို့ ဦးနှောက်မှာ နေရာယူလာတဲ့အခါ အတိတ်နဲ့ဆိုင်တာတွေ ဝေဝါးပျောက်ကွယ်သွားတယ်၊ ကြီးရင့်လာတဲ့အခါ ငယ်ငယ်က ပြောဆိုခဲ့ဖူးတာတွေပါ လုံးဝ မေ့သွားကြတော့တာပဲ၊ ဒါက လူဝင်စားတွေအတွက် သဘာဝပဲလေ၊ ခင်ဗျားတို့က သိပ်လောနေတယ်၊ ခင်ဗျားတို့ကလေးက ငါးနှစ်တောင် မပြည့်သေးဘူး မဟုတ်လား၊ ဖြည်းဖြည်းပေါ့ဗျာ"

"Take Me Home Where I Belong" (Completed)Where stories live. Discover now