အခန်း - ၄၈

44.1K 4.4K 1.8K
                                    

UNICODE

ရောက်နေတဲ့ နေရာက ဆယ်စုနှစ်တစ်ခုကျော် လက်တွဲလုပ်လာခဲ့တဲ့ Zurich Paragon ဆိုတဲ့ ကုမ္ပဏီကြီးရဲ့ အထူးဧည့်တွေ့ခန်းထဲမှာ။ ရောက်လာခဲ့တဲ့ ရည်ရွယ်ချက် နှုတ်ထွက်စာနဲ့ ပတ်သက်ပြီး လူကိုယ်တိုင် တလေးတစား အသိပေးဖို့ပါ။

အီးမေးလ် ပို့ထားတာမို့ အလုပ်ထွက်မဲ့အကြောင်း ကြိုသိထားတဲ့ အိုဝမ်က သူ ရောက်ကတည်းက အခန်းထဲ ပတ်လျှောက်နေတာ ဆယ်ကြိမ်မက။ သူ စကားစလေတိုင်း အိုဝမ်က လက်ကာပြီး တားတယ်။

"ခဏလေး ဘရိုင်ယန်၊ ခင်ဗျားကို ဘယ်လိုတားမြစ်ရင် ရလောက်မလဲ ကျုပ် စဉ်းစားပါရစေ" တဲ့။

သူကတော့ အိုဝမ့်ကို ကြည့်ပြီး ပြုံးနေမိတော့တာပဲ။ သူဌေး အိုဝမ်တင်မက တစ်လောကလုံးမှာ အာဏာအရှိဆုံး ပုဂ္ဂိုလ် လာတားရင်တောင် ရပ်တန့်မှာမှ မဟုတ်တော့တာ။ နှလုံးသားထဲမှာ ခိုင်မာနက်ရှိုင်းနေတဲ့ သန္နိဋ္ဌာန်က တစ်ခုတည်း။

*သူမှ မခွဲနိုင်တော့တာ၊ တစ်ရက်လေးဖြစ်ဖြစ်၊ တစ်စက္ကန့်လေးဖြစ်ဖြစ် အချစ်နဲ့မှ သူ မခွဲနိုင်တော့တာ။

တော်တန်ရုံ ဘယ်ဝန်ထမ်းနဲ့မှ ဖက်လဲတကင်း စကားပြောလေ့မရှိတဲ့ အိုဝမ်က အသက်အရွယ်ချင်းလဲ မတိမ်းမယိမ်းမို့ သူ့ကိုတော့ အတော်လေး ခင်ရှာတယ်။ ဘယ်သူနဲ့မှ မတူတဲ့ သူ့စရိုက်လက္ခဏာကြောင့် ကုမ္ပဏီကို စရောက်ကတည်းက သတိထားမိခဲ့တာလဲ ပါပါလိမ့်မယ်။

ဒါ့အပြင် သား ကျောင်းပြီးခါစက သူနဲ့အတူ အလုပ်ဝင်ခဲ့သေးတာမို့ မျက်နှာကြောတင်းတဲ့ လူ့ခွစာသားအဖက ဝန်ထမ်းတွေကြားမှာ နာမည်ကြီးပါပဲ။ တာဝန်ယူရတဲ့ အလုပ်ကို တိတိကျကျ လုပ်ပေးတတ်သလို မမှားတဲ့ ကိစ္စတွေမှာ ဖြေရှင်းစရာ ကြုံလာခဲ့ရင် သူဌေးမကလို့ ဘာကောင်ဖြစ်ဖြစ် တစ်တစ်ခွခွ ပြန်ပြောတတ်တဲ့ သူတို့သားအဖကို တော်တော်များများ ရှိန်ကြပါတယ်။

နယ်သာလန် အခြေစိုက် Utopia ကို သား ပြောင်းသွားစဉ်ကလဲ လက်မလွှတ်ချင်တဲ့ အိုဝမ်က သူက တစ်ဆင့် သားကို တားခိုင်းခဲ့တာပဲ။ ဆုံးဖြတ်ပြီးသား ဖြစ်တဲ့ သားကို အဲ့တုန်းက တားလို့မရခဲ့သလို၊ အခုလဲ အိုဝမ် ဘယ်လိုတားတား သူက ဆုံးဖြတ်ချက် ချပြီးသားပင်။

"Take Me Home Where I Belong" (Completed)Where stories live. Discover now