အခန်း - ၅

53.3K 5.7K 2.4K
                                    

UNICODE

*ဒုန်း... ခွမ်း

လက်ကျန် ပုလင်းကို နံရံဆီ ပစ်ပေါက်လိုက်တော့ ကြမ်းပြင်ပေါ် တစ်စစီ ပြန့်ကြဲကုန်တဲ့ ဖန်ကွဲစတွေ။ ဟက်ခနဲ ထရယ်မိတယ်။ သူ့ဘဝလဲ ဒီအတိုင်း အစိတ်စိတ်အမြွှာမြွှာ ကျကွဲခဲ့တာပဲ မဟုတ်လား။ ဗလာဆိုတဲ့ ရှင်သန်ခြင်းမှာ ဗီဇသာ မရှိခဲ့ရင် ဒီဘဝကြီးကို လက်လျှော့ခဲ့တာ ကြာပေါ့။ နှုတ်ပြောနဲ့ပဲ အခါခါသေခဲ့ပေမဲ့ နှလုံးသား သေသွားတာခဲ့တာက ဗီဇတစ်သက်ပဲ မဟုတ်လား။

မနေပျော်တဲ့ ဘဝပေမဲ့ သားအတွက်နဲ့ ကိုယ့်ကိုယ့်ကိုယ် လမ်းမှန် ရောက်အောင် ပြန်တည့်မတ်ခဲ့ရတာ။ သားက အားပါပဲ။ သားအဖနှစ်ယောက်ကြား မတည့်ခြင်း အကြောင်းတရားတွေ ဘယ်လိုပဲ ရှိနေနေ၊ အခက်အခဲ ကြုံလာတိုင်း အတူကတွ အံတုခဲ့တာချည်းပဲ။ ထုတ်မပြောဖြစ်ပေမဲ့ ဒီသားကြောင့်ပဲ ဒီအချိန်ထိ တောင့်ခံနိုင်ခဲ့တာ ငြင်းဖွယ်ရာ မရှိ။ သား အရွယ်ရောက်လာတာနဲ့ အမျှ သားအပေါ် စိုးရိမ်စိတ်တွေနဲ့ အပြိုင် သူ့အိပ်မက်ဆိုးတွေ ပိုရင့်သန်လာတယ်။

အမြဲမဟုတ်ပေမဲ့ တစ်ခါတစ်ခါ လာခြောက်လှန့်တဲ့ အိပ်မက်တွေက သူ ရူးပစ်ဖို့ လုံလောက်တဲ့ လောင်စာ ပြင်းပြင်းတွေ ဖြစ်လာတယ်။ အိပ်မက် မက်တိုင်း မေတ္တာစိတ် သင့်နေတဲ့ ကောင်က အသိစိတ် ပျောက်လာရတယ်။ စိတ်ရူးပေါက်လာတဲ့ အခုလို ညတိုင်း ဖန်ကွဲစတွေပေါ် ဒူးပြေးထောက်ရင် သူ့ခြေသလုံးရိုးတွေမှာ အနီရောင်တွေ ရင့်ကုန်တယ်။ နာကျင်မှုနဲ့အတူ စီးကျလာတဲ့ သွေးစတွေဟာ ပျော်စရာပါ။ နှလုံးသား အနာကို ဖုံးသွားနိုင်စွမ်း ရှိတဲ့ ဒဏ်ရာတိုင်းကို သူ ခုံမင်တတ်လာတယ်။

ကြိုးစားပြီး ပြန်တည်ဆောက်ထားရတဲ့ ဘဝသစ်နဲ့အတူ တမင် မေ့ဖျောက်ထားရတဲ့ ညီမလေးက ဒီရက်ထဲမှ အိပ်မက်ထဲ ပြန်ပြန်ရောက်လာတယ်။ ရောက်လာတိုင်းလဲ နီတာရဲလေး ဖြစ်တဲ့ သားကို ထွေးပွေ့ထားသေးတယ်။ အတိတ်နေ့ရက်က နာကျင်အချိန်တွေထဲ ကိုယ့်ကိုယ်ကိုယ် ပြန်ပိတ်မိသွားအောင် ညီမလေး ပြောသမျှ စကားတိုင်းမှာ ပြေးပေါက်ပိတ်ခဲ့ပါတယ်။

"အစ်ကို အထီးမကျန်ရအောင် သားလေးကို ထားရစ်ခဲ့မယ်၊ သားက အစ်ကို့ကို စောင့်ရှောက်ပါလိမ့်မယ်" တဲ့။

"Take Me Home Where I Belong" (Completed)Where stories live. Discover now