အင်း..ပြီးရောလေ
တစ်ခုခုဖြစ်နေရင်လည်း..ကိုယ့်ကို အမှန်အတိုင်းပြောစေချင်တယ်

အင်း..ကျွန်တော်ပြောမှာပါ

ဒါဆို ကိုယ်နောက်တစ်ခု လင်းလက် ဆီက တောင်းဆိုချင်တာရှိတယ်

ကျွန်တော့်ဆီက...

အကိုခန့်မင်းက ဒီနေ့မှထူးထူးဆန်းဆန်း ဘာတွေပြောနေမှန်း ကျွန်တော်မသိ...ဒါမဲ့ ကျွန်တော့်မှာ အကိုခန့်မင်း လိုချင်စရာတစ်ခုမှမရှိ..ဘာကို တောင်းဆို ချင်တာလဲတော့ ခန့်မှန်းမရ

ကိုယ် နောက်နှစ်ရက်နေရင်..အလုပ်ကိစ္စနဲ့ ခရီးတစ်ခု ထွက်ရမယ်...ကမ်းခြေဘက် အဲ့မှာ companyရဲ့ ရှယ်ယာရှင် တော်တော်များများ
တတ်ရောက်တဲ့ ပွဲ တစ်ခု ရှိတယ်... အဲ့ပွဲကို..
လင်းလက်နဲ့အတူ ကိုယ် တတ်ချင်တယ်...
လင်းလက် လိုက်ပေးခဲ့နိုင်မလား..

ဟင်...ကျွန်တော် က လုပ်ငန်းအကြောင်းမှမသိတာ ပြီးတော့အဲ့က လူတွေရော ကျွန်တော်မသိဘူး..ဘယ်လိုမျိုး..သွားရမှာလဲ...
မဖြစ်ဘူးထင်တယ်...

..လုပ်ငန်းအကြောင်းရော အဲ့ကလူတွေရော
လင်းလက် မသိလည်း ဘာမှမဖြစ်ဘူး..
ကိုယ်က လင်းလက် နဲ့အတူ အဲ့ပွဲ တတ်ချင်ရုံလေးပါ...ကိုယ်တောင်းဆိုတာပါ..လိုက်ပေးခဲ့နိုင်မလား

အကိုခန့်မင်းက ကျွန်တော် မျက်ဝန်းကိုစိုက်ကြည့်ကာ....လိုက်စေချင်တဲ့ပုံပဲ...ကျွန်တော်လည်း
မသွားချင်တာ မဟုတ်ပေမဲ့...ကျွန်တော်လိုလူက အဲ့လိုပွဲတွေမှာ ဘယ်လိုနေရမှန်းမသိ..ဘယ်လို စကားပြောရမှန်းမသိ  ဖြစ် နေမှာတွေးပြီးစိုးရိမ်နေရသည်..အကိုခန့်မင်းက ကျွန်တော့်ကို ကူညီခဲ့တာ များပြီးဆိုတော့ ..ငြင်းလိုက်ရင်လည်းမကောင်းပေ.. လိုက်ခဲ့ဖို့သာသဘောတူရတော့မည်

အင်း..ကျွန်တော်လိုက်ပေးမယ်

အကိုခန့်မင်း..မျက်နှာ ချက်ချင်းလန်းသွားပုံပင်..ကျွန်တော်ပြောလိုက်တော့ မျက်နှာ ထက်မှာ အပြုံးလေးတစ်ခုက နေရာယူလို့ထားသည်

အဟမ်း..
ခများတို့..ကိစ္စ ပြီးရင်..ကျုပ်စကားပြောလို့ရပြီးလား

ဘယ်ချိန်ကတည်းက တံခါးရှေ့မှာ ရောက်နေမှန်းမသိ သော လူကြောင့် ကျွန်တော် မျက်နှာ အောက်သို့ငုတ်လိုက်မိသည်

Crazy love (Complete) Where stories live. Discover now