Part 45

690 35 0
                                    

Unicode

“ကမ္ဘာ… ငါပြန်ရောက်ပြီနော်! ကမ္ဘာ…”

အိမ်တံခါးက ဖွင့်လျက်သား ရှိနေပေမယ့် ကမ္ဘာ့အရိပ်အယောင်ကို မျှင်းမျှင်းလေးတောင် မတွေ့။

ပြခန်းတွင် တစ်နေ့ကုန်အချိန်ကုန်နေသဖြင့် ကမ္ဘာ့ကို အိမ်ပြန်နောက်ကျမည်ဖြစ်ကြောင်း ဖုန်းမဆက်လိုက်ရ။ ပြန်ခါနီး ကားပေါ်တွင် ဖုန်းဆက်ရန် ပြင်သော်လည်း ဖုန်းအားက ကုန်နေသည်။

ကျွန်တော်ထင်ထားသည့် အချိန်ထက် နောက်ကျမှ ပြန်လာသည်မို့ စိတ်ဆိုးနေတာများလား။ အချိန်ကလည်း ည ၈ နာရီထိုးပြီမို့ ကျွန်တော့်အပြစ်သာ ဆိုရမည်။

ဒေါက်! ဒေါက်! ဒေါက်!

“ကမ္ဘာ… ငါပြန်ရောက်ပြီ။ မင်း ဘာလုပ်နေတာလဲ?”

ပြန်ဖြေသံက မကြားရ။ တံခါးလက်ကိုင်ကို လှည့်လိုက်တော့ လော့ခ်မချထားသည်မို့ ဝင်သွားလိုက်သည်။ မြင်လိုက်ရသည်က ကုတင်ပေါ်တွင် အခန်းတံခါးဘက်ကို ကျောပေးကာ ထိုင်နေသော ကမ္ဘာ။ စိုးရိမ်စိတ်က ဒီရေအလားဖြစ်သွားသည်မို့ အလျင်စလို ကုတင်ဘေးသွားကာ ကျွန်တော့်ကို လှည့်ကြည့်သည်။

“နေမကောင်းလို့လား ကမ္ဘာ။ ကိုယ်တော့ မပူပါဘူး”

“မထိနဲ့…”

“ဘာ…”

“ငါ့ကို မထိနဲ့လို့!”

ခပ်စူးစူးစိုက်ကြည့်နေသော ကမ္ဘာ့ကို နားမလည်။ ကျွန်တော် ပြန်စိုက်ကြည့်တော့ မျက်မှောင်ကြုတ်သွားသည်။ စူးရဲစွာကြည့်နေသည့် မျက်ဝန်းတစ်စုံက ကျွန်တော့်ဆီမှ တစ်စုံတစ်ခုကို ရှာဖွေနေခြင်းမဟုတ်… ထိုအကြည့်ကို နားမလည်ပေမယ့် ခံစားတတ်သော နှလုံးသားက ကျဉ်တက်သွားသည်။

“မင်း ငါ့ကို အဲ့လိုမကြည့်နဲ့ ကမ္ဘာ…”

“ဟက်! လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ငါ မင်းကို ဒီစကားပြောခဲ့ဖူးတယ်။ အဲ့တုန်းက ခံစားချက်က မင်းအခု ခံစားနေတဲ့အတိုင်းပဲ။ ဒါပေမဲ့ အကြည့်ရဲ့ အဓိပ္ပာယ်ချင်းတော့ မတူဘူးပေါ့”

“ဘာတွေပြောနေတာလဲ ကမ္ဘာ…”

“မင်း ငါ့ကို ထားခဲ့တော့မယ်ဆိုတာ ငါသိတယ်။ မင်းစိတ်ထဲမှာ သံသယတွေ ဝင်နေပြီမလား။ အဲ့ကိစ္စက ငါဖြစ်စေချင်လို့ ဖန်တီးခဲ့တာ မဟုတ်ဘူး။ လက်ခံခဲ့တာလည်း ငါ မဟုတ်ဘူး။ ငါနိုးလာတော့… မသိတော့ဘူး။ ငါ ဘာတတ်နိုင်မှာလဲ…”

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now