Part 30

546 32 0
                                    

Unicode

“ခက်လေး… ကမ္ဘာက ဒီနေ့မှ ပြန်လာတာလေ။ ပင်ပန်းနေမှာပေါ့…”

ကမ္ဘာပြန်လာသည့်နေသည် တိုက်ဆိုင်စွာ ခက်လေးမွေးနေ့ဖြစ်နေခဲ့သည်။ တိုက်ဆိုင်သည်ဟူ၍သာ မျက်စိစုံမှိတ်သုံးနှုန်းချင်၏။

ထိုညနေပိုင်းတွင် ကမ္ဘာနှင့်အတူ ဘုရားကို သွားချင်သည်ဟူသော ခက်လေးကြောင့် လိုက်ပို့ပေးပြီပြီ။ အန်တီကြောင့် လိုက်ရသော ကျွန်တော်က လူပိုသက်သက်သာ။

ယခုလည်း နောက်တစ်နေရာ သွားချင်နေသော ခက်လေးကို နွမ်းနယ်နေသော ကမ္ဘာ့မျက်နှာကြောင့် ဟန့်တားမိသည်။

“ကိုကြီးကလည်း… မသိဘူးကွာ။ ကိုကိုပဲ ပြော။ ပင်ပန်းနေပြီလား?”

“အမှန်အတိုင်း ပြောရမလား ခက်လေး…”

“အင်း…”

“ပင်ပန်းနေပြီ။ ကိုကို တကယ်ပင်ပန်းနေပြီ။ နောက်နေ့မှ ခက်လေးသွားချင်တဲ့နေရာကို လိုက်ပို့ပေးမယ်လေ။ ပြီးတော့ ကိုကို ခက်လေးအတွက် လက်ဆောင်တွေလည်း ဝယ်လာသေးတယ်။ မယူတော့ဘူးလား”

“ပြီးရော…”

ကမ္ဘာ့စကားတစ်ခွန်းတည်းနှင့်တင် လက်ခံသွားသော ခက်လေး၏ သဘောထားကို ရိပ်မိနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း လက်မခံချင်သေး။ အားမရှိသော်လည်း နှုတ်ခမ်းတစ်စုံကို ရအောင်တော့ ကွေးညွှတ်လိုက်သည်။

“ကဲ… ကျွန်တော်မျိုးဘာလုပ်ပေးရမလဲ သခင်မလေးခင်ဗျာ”

“အိမ်ကိုပဲ မောင်းတော့ ကိုကြီး”

ညီမဖြစ်သူအလိုကျ အိမ်ကို ပြန်မောင်းနေစဉ် နောက်ကြည့်မှန်မှ တစ်ဆင့်မြင်နေရသော ကမ္ဘာ့မျက်နှာကို မကြည့်ဘဲ မနေနိုင်။ အကြည့်ချင်းဆုံမိတော့လည်း ကပျာကယာ လွှဲရသည်။

“လင်းထင်… သီချင်းဖွင့်ကွာ”

“ကိုကိုက ဘာသီချင်းနားထောင်ချင်လဲ? ဖုန်းနဲ့ ဖွင့်ပေးမယ်လေ”

“အဟင်း… စိုးလွင်လွင်ရဲ့ သီချင်းကို နားထောင်ချင်တာ။ ခက်လေးဖုန်းမှာ ရှိလို့လား?”

“ဟမ်…”

“မရှိဘူးမလား။ လင်းထင်!”

“ကိုကိုကလည်း... ကိုကြီးဆီမှာရော ဘယ်လိုလုပ်ရှိမှာလဲ?”

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now