Part 10

633 39 0
                                    

Unicode

မှောင်ရီပျိုးစ နေဝင်ချိန်ကို ကျော်လွန်ကာ လျှပ်စစ်မီး၏ အလင်းရောင်များသည် အိမ်တိုင်းလိုလို ထွန်းလင်းနေကြသည်။ ခပ်သုတ်သုတ် တိုက်ခတ်လာသည့် လေပြည်များသည် ကျွန်တော်တို့အနီးသို့ ရောက်လာခါနီးမှ စာမေးမည့်ဟန်ပြင်နေသည် မမေ၏ မျက်နှာကြောင့် မယောင်မလည်ပြန်ပြေးသွား၏။

“မနေ့တုန်းက ကျက်ခိုင်းလိုက်တဲ့ မီးနင်းတွေကို ပြန်နွှေးဖို့ ၅ မိနစ်အချိန်ပေးမယ်။ အစ်မပြန်လာရင် အလွတ်ရေးရမယ်”

ကမ္ဘာသည် မမေ၏ စကားကြောင့် လက်ထဲရှိ အင်္ဂလိပ်မီးနင်းစာအုပ်ကို ကိုင်လျက်သား စားပွဲပေါ်ခေါင်းစိုက်သွားသည်။ ဘုဏ်းမြတ်ကလည်း အင်္ဂလိပ်ဝေါဟာရများကို စိတ်မပါလက်မပါနှင့် နှုတ်မှရေရွတ်နေ၏။

“မမေက ရက်စက်တယ်ကွာ…”

“ဘာ ရက်စက်တာလဲ! မနေ့ကတည်းက ကျက်ခိုင်းလိုက်တာလေ။ အခုက ပြန်နွှေးရမှာ…”

မမေသည် ဦးငယ်၏သမီးအကြီး၊ ကျွန်တော့်အစ်မဝမ်းကွဲဖြစ်၍ ကျွန်တော်တို့သုံးယောက်စလုံးကို စာမေးပွဲနီးချိန်တိုင်း စာပြန်လုပ်ပေးသည်။ ညစာစားပြီးချိန်လောက် မမေတို့အိမ်ခေါင်းရင်းရှိ အဖီ၌ ဝိုင်းဖွဲ့ကာ စာသင်ကြ၏။ အမိုးသာရှိ၍ အကာမရှိသောအဖီလေးသည် ကျွန်တော်တို့သုံးယောက် စာလုပ်ရင်း စကားများရာနေရာလေးပင်။

“နွှေးမယ်! နွှေးမယ်။ တူးသွားအောင်ကို နွှေးပစ်မယ်”

အိမ်ထဲဝင်သွားသော မမေကို မကျေမချမ်းဖြစ်နေသော ကမ္ဘာက အသက်မဲ့သော စာအုပ်ကို လက်ညှိုးထိုးကာ ပွစိပွစိပြောနေသည်။ ကျွန်တော်နှင့်ဘုဏ်းမြတ်က အင်္ဂလိပ်စာကို မကြောက်သော်လည်း ကမ္ဘာကမူ အလွန်ကြောက်၏။

🎼🎼🎼 ကန်ပတ်လည် ခရေရိပ် ရွာထိပ်က ကျောင်းတော်သာနံဘေးဝယ်

မခွဲတမ်းကြင်မယ် ဒီစကား… မေ့ပြီလားကွဲ့အချစ်ရယ်

အပြောမတည်သလောက် ဟောဒီ ပိတောက်တွေပွင့်ရင် မောင်ကြီးစိတ်မှာ မြင်ယောင်လာတယ်

ဒီဇာတ်လမ်းမှာကွယ် ကိုယ်ရယ် မင်းရယ် ပန်း… ပိတောက်ရယ်… 🎼🎼🎼

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now