Part 9

608 42 0
                                    

Unicode

ကုန်လွန်သွားပြီဖြစ်သော မိုးရာသီသည် တစ်ကျော့ပြန်လည် ရောက်ရှိလာခဲ့ပြီ။ အတန်းတစ်တန်းကြီးလာသည်နှင့်အမျှ စာလုပ်ရန်အရေးကြီးလာခဲ့သော်လည်း ပျော်ရွင်စရာကောင်းသော ဆယ်ကျော်သက်ဘဝမို့ အမြဲလိုလို ရယ်မောသံများနှင့်သာ ဝေဆာနေတတ်သည်။

သို့တစေ ကျွန်တော့်အတွက်ကတော့ မရယ်မောနိုင်သေး။ ဘေးတစ်ဖက်တစ်ချက်တွင် ကျောပိုးအိတ်သာရှိ၍ လွတ်နေသော နေရာကို ကြည့်ရင်း မျက်မှောင်ကို ကြုတ်သထက်ကြုတ်မိသည်။ ထိုအချိန် ဘေးနားရှိ နေရာလွတ်တွင် ဝင်ထိုင်လာသူများကြောင့် ဗလာစာအုပ်ဆီသို့ စိတ်ပါဝင်စားမှုမရှိဘဲ အကြည့်ပို့လိုက်သည်။

သည်နှစ်ရက်အတွင်း ကမ္ဘာနှင့်ဘုဏ်းမြတ်သည် တစ်ပူးပူးတစ်တွဲတွဲဖြစ်နေကြ၏။ ကျွန်တော့်ကို ဘေးဖယ်ကာ သူတို့နှစ်ယောက်တည်း မည်သည့်ကိစ္စပဲ လုပ်လုပ် ကောင်းသောကိစ္စတော့မဟုတ်နိုင်။

ယခုလည်း ကျွန်တော့်မျက်နှာကိုကြည့်ကာ တစ်စုံတစ်ခုပြောချင်ဟန်ဖြင့် မကြာခဏ ကြည့်နေကြသော နှစ်ယောက်ကြောင့် သံသယက ပိုတိုးလာရသည်။ အသံတိတ်ဖြင့် သူပြော၊ ငါပြော တွန်းထုတ်နေကြပြန်သည်။

“မင်းတို့နှစ်ကောင် ဘာဖြစ်နေတာလဲ။ ပြောစရာရှိရင်လည်း ပြောကြ”

“အဟမ်း… မင်းပြောလိုက်”

“အကြီးကို ဦးစားပေးပါတယ်”

“ဪ… အစ်ကိုကြီးကို ဦးစားပေးရမှန်း သိပြီပေါ့။ မှတ်ထားနော် ညီလေး”

စကားနိုင်လုနေသော နှစ်ယောက်ကို သည်အတိုင်းသာ ကြည့်နေလိုက်၏။ မကြာမီ ဘုဏ်းမြတ်သည် မျက်နှာချိုသွေးကာ ကျွန်တော့်ဘက်သို့ လှည့်လာသည်။

“ငါ့သူငယ်ချင်းတစ်ယောက်က သန်လျင်မှာပဲ ကျောင်းတက်နေတာ။ ကျောင်းချင်းတော့ မတူဘူးကွာ။ အဲ့တာ သူ့ဆီသွားလည်မလို့… ပဲခူးစုနားလေးတင်ပါ။ အခုကျောင်းဆင်းရင် သွားမှာ”

“အင်း။ သွားပေါ့။ အဲ့တာ ဘာဖြစ်လဲ?”

“သူငယ်ချင်းအိမ်သွားပြီး အိမ်ကိုပြန်ရင် ဘတ်စ်ကားနဲ့ပြန်ရမှာလေ။ အဲ့တော့ ကမ္ဘာ့ကို ခေါ်သွားမလို့”

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now