Part 22

508 36 0
                                    

Unicode

မေလ၏ အပူချိန်သည် နွေရာသီကုန်ခါနီးအချိန်ဖြစ်နေသော်လည်း ပူပြင်းခြောက်သွေ့နေသည်။ ထို့အတူ လက်ပတ်နာရီကို မကြာခဏ ကြည့်နေမိသော ကျွန်တော့်စိတ်ထဲမှာလည်း ရာသီဥတုအတိုင်း ပူလောင်နေ၏။

ကျွန်တော့်အတွက် သတ်မှတ်ချိန်ထက် အနည်းငယ်ကျော်လွန်နေသော သင်တန်းဆင်းချိန်မှာ ​ပြဿနာမရှိပေမယ့် စောင့်မျှော်နေသူကတော့ ရပ်စောင့်နေသည်မို့ ညောင်းချိနေတော့မည်။

ဆရာ့၏ ခွင့်ပြုချက်အဆုံး သွက်လက်စွာပင် ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ ဤသည်ကိုပင် အခြားသူများက အထူးအဆန်းသဖွယ် ကြည့်နေကြသည်။ သို့သော် သူတို့ကိုလည်း အရေးမစိုက်အားဘဲ အခန်းထဲမှ ထွက်ကာ လှေကားထစ်များကို နင်းနေသော ခြေလှမ်းများအား မြန်ဆန်စေလိုက်သည်။ ထင်ထားသည့်အတိုင်း လှေကားအဆုံးမျှော်နေသူက တစ်ယောက်တည်း ယောင်တောင်တောင်နှင့် မတ်တတ်ရပ်စောင့်နေ၏။

“ဆောရီး ကမ္ဘာ… ဒီနေ့ နည်းနည်း နောက်ကျသွားတယ်။ ရပ်စောင့်နေရတာ ကြာပြီလား?”

“သိပ်မကြာသေးပါဘူး။ ဒါနဲ့ လင်းထင်… ပေးထားတဲ့ ကတိကို မမေ့နဲ့နော်”

ခေါင်းခါပြရင်း ပြောလိုက်သောစကားက တစ်ယောက်တည်းရပ်စောင့်နေရခြင်းအပေါ် ရန်လုပ်ခြင်းမဟုတ်သဖြင့် ကြောင်အ, သွားမိသည်။ ပေးထားသော ကတိတို့က များပြားပေမယ့် အဆက်အစပ်မရှိသော ထိုစကားက ကမ္ဘာ့နှုတ်ဖျားမှ ထွက်သည်မို့ ကျွန်တော်နားလည်သည်။ ရယ်မောချင်စိတ်ကို ထိန်း၍ မသိချင်ယောင်ဆောင်ကာ

“ကတိ? ဘယ်ကတိလဲ…”

“လင်းထင်!”

“ဟား… ဟား… ကမ္ဘာရယ်။ ငါက အခုမှ ပန်းချီသင်တန်းတက်တာလေကွာ။ အလင်းအမှောင်တွေနဲ့ ကောက်ကြောင်းတွေအကြောင်းကို ခပ်ပါးပါးလေး သင်နေတုန်းပဲ ရှိသေးတယ်”

တက္ကသိုလ်တက်ရန် စောင့်ဆိုင်းနေစဉ် ဝါသနာပါရာ ပန်းချီသင်တန်းတက်သော ကျွန်တော့်နောက် ကမ္ဘာက လိုက်ပါလာသည်။ သို့သော် သိပ်စိတ်မရှည်တတ်သော ကမ္ဘာက ပန်းချီသင်တန်း တက်တာတော့ မဟုတ်။ အသေကြောက်ခဲ့သော အင်္ဂလိပ်စကားပြောသင်တန်းကို စိတ်လိုလက်ရ တက်သည်။ တစ်စုံတစ်ယောက်၏ တိုက်တွန်းမှုကြောင့်ဆိုတာကိုတော့ ရိပ်မိခဲ့သည်။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now