ကျိုက်ခေါက်ဘုရားသမိုင်း

268 12 0
                                    

<<< အောက်က စာတွေက စာဖတ်သူတွေ သမိုင်းကြောင်းအရ လေ့လာဖတ်ရှုနိုင်အောင်လို့ ဆရာငြိမ်းချမ်း (ဗိုလ်ချုပ်ရွာ) ရေးသားထားတဲ့ post ကနေ ကူးယူဖော်ပြထားတာပါ >>>

ကျိုက်ခေါက်စေတီတော်

ရန်ကုန်မြစ်နှင့်ပဲခူးမြစ်ဆုံရာအရပ် ပဲခူးမြစ်၏တောင်ဘက်ကမ်းပေါ်တွင် သန်လျင်မြို့ တည်ရှိသည်။ ထိုမြို့၏တောင်ဘက် တစ်တိုင်ကျော်အကွာတွင်ရှိသည့် (ဥတ္တရင်္ဂကုန်း)ပေါ်၌ ကျိုက်ခေါက်စေတီကို ဖူးမြှော် ရပေသည်။

ဂေါတမမြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်ပြုပြီးနောက် ၂၃၆ နှစ်ရောက်သော် အသောကမင်းတရားကို အမှီပြုရ၍ ဘုရားဟော ပိဋကတ်စာများကို ညှိနှိုင်းရွတ်ဆိုခြင်းဟူသော တတိယအကြိမ်မြောက် သင်္ဂါယနာကို အရှင်မောဂ္ဂလိပုတ္တတိဿမဟာထေရ်ကြီးမှူးသော သံဃာအဖွဲ့ကြီးက တင်ခဲ့သည်။ ထို့နောက် ထိုထိုသော တိုင်းတစ်ပါးအရပ်များ၌ သာသနာတော်ကို တည်စေအံသောငှာ ထိုထိုသော သာသနာပြုထေရ်တို့ကို စေလွှတ်လိုက်၏။

သုဝဏ္ဏဘူမိ အမည်ရှိသော သထုံပြည်သို့ကား အရှင်သောဏ နှင့် အရှင်ဥတ္တရ ထေရ်တို့ကို တပည့်ဖြစ်သူ အရှင်သောမာယ နှင့်တကွ စေလွှတ်လိုက်၏။ ထိုအရှင်နှစ်ပါးသည် တပည့်ဖြစ်သူ လက်ထောက်သာသနာပြုရဟန်းတော် အရှင်သောမာယ ကို ပေါက္ခရဝတီခေါ် ဒဂုံခေါ်၊ ရန်ကုန်မြို့သို့ သာသနာ ပြုရန်တစ်ဆင့် လွှတ်လိုက်သည်။ ထိုအရှင်သည် ပေါက္ခရဝတီ၌ အစဉ်သီတင်းသုံးကာ လက္ခိယကျွန်း၊ သီဟကျွန်းများ၌ သာသနာကိုကောင်းစွာပြု၏။ ဥတ္တရင်္ဂကုန်း၌ နေသော ခေါလက မည်သောရသေ့သည် သာသနာတော်၌ ယုံကြည်လာ၍ ရဟန်းအဖြစ်ကို ယူခဲ့၏။ ခေါလက ရဟန်းဟုခေါ်တွင်လေသည်။ အရှင်ခေါလက သည် ဆရာအရှင် သောမာယ နှင့်အတူ အိန္ဒိယနိုင်ငံ ပါဋလိပုတ်နေပြည်တော် အသောက မင်းတရားထံသွား၍ ဘုရားသခင်၏ မွေတော်ဓာတ်တော်များကို ပူဇော်ရန် အလို့ငှာ တောင်းလေသော် ဘုရားသခင်၏ ဆံတော် ၂၄ဆူကို ရခဲ့သည်။

သီဟကျွန်းသို့ပြန်ခဲ့ရာ ပါဒမည်သော သင်္ဘောဆိပ်သို့ပြန်ရောက်၏။ ပါဒမြို့၌ ဆံတော် ၂ဆူကို ကိုးကွယ်ရန် ပေးခဲ့၏။ နောင်အခါ ကျိုက်ဒေးရ စေတီတွင် ဌာပနာထားလေသည်။ တမှောရွာမှာ ၁ဆူ၊ ကလွန်ပွန်ရွာမှာ ၁ဆူ၊ ကနှိမ်ရွာမှာ ၁ဆူ၊ ကနှောရွာမှာ ၁ဆူ၊ မွန်နော်ရွာမှာ ၁ဆူ၊ သလိုင်ရွာမှာ ၁ဆူ၊ မှောဝန်းရွာမှာ ၁ဆူ၊ ကန်တီရွာမှာ ၁ဆူ၊ ခပိရွာမှာ ၁ဆူ၊ သနော်တိုက်ရွာမှာ ၁ဆူ၊ အလွဲအိပ်ရွာမှာ ၁ဆူ၊ ပဝံဂေးရွာမှာ ၁ဆူ၊ ဥတ္တရင်္ဂကုန်း(ယခုအခေါ် လှိုင်းပုတ်ကုန်း)မှာ ၆ဆူ၊ ပယင်းရွာမှာ ၁ဆူ၊ ဝိသုရွာမှာ ၁ဆူ၊ ပရိုရွာမှာ ၁ဆူ၊ သန်လျင်ရွာခေါ် စကားရွာမှာ ၁ဆူ၊ ကိုးကွယ်စေသည်။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now