Part 28

459 27 2
                                    

Unicode

၂၀၁၄ ခုနှစ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်

“ငါ ဒီမှာ…”

ဘုဏ်းမြတ်က အသံကျယ်ကျယ်နှင့် အော်ပြောလိုက်သော်လည်း တက္ကသိုလ်ကန်တင်းရှိ အသံများကို မဖုံးနိုင်။ ထိုင်နေကြသော စားပွဲဝိုင်းထံသွားတော့ စားနေကျအတိုင်း စားပွဲထိုးလေးက လာချပေးသည်။

ဆယ်တန်းစာမေးပွဲကို ကျွန်တော်က ဂုဏ်ထူးသုံးဘာသာ၊ ဘုဏ်းမြတ်က ဂုဏ်ထူးနှစ်ဘာသာနှင့် အောင်သည်။ ကမ္ဘာကတော့ အင်္ဂလိပ်စာမှလွဲ၍ ကျန်ဘာသာများကို ဂုဏ်ထူးနှင့်အောင်၏။

တက္ကသိုလ်တက်ဖို့ ရွေးချယ်ရာမှာ ခက်လေး၏ပူဆာမှုကြောင့် အဖေက ကျွန်တော့်ကို စီးပွားရေးတက္ကသိုလ်ကို တက်စေချင်သည်။ အပေါင်းအသင်းမရှိသောခက်လေး ဆယ်တန်းအောင်ပြီးနောက် တက်ချင်နေသည့် စီးပွားရေးတက္ကသိုလ်တွင် တစ်ယောက်တည်း ယောင်ချာချာဖြစ်နေမည်စိုး၍ ကျွန်တော့်ကို စောင့်ရှောက်စေလိုသော ရည်ရွယ်ချက်နှင့်ပင်။

တစ်ဦးတည်းသော သွေးသားရင်းချာညီမလေးကို ကျွန်တော် မငြင်းနိုင်ခဲ့။ ထို့အပြင် ပိတ်ရက်မှာ ကျွန်တော်ဝါသနာပါသည့် ပန်းချီနှင့်ပတ်သက်သည့် သင်တန်းများကို အဖေက စာရင်းပေးသွင်းထားခြင်းက ဖြေသာစေသည့်မို့ လက်ခံလိုက်၏။ ဘုဏ်းမြတ်သည်လည်း မိဘများတက်စေချင်သည်ဟူသော အကြောင်းပြချက်နှင့်အတူ စီးပွားရေးတက္ကသိုလ်ကိုသာ တက်ခဲ့သည်။

“နင် ဘယ်သွားနေတာလဲ…”

“နှင်းရယ်… သစ်သာတုံးကြီးက စာကြည့်တိုက်ပဲ သွားနေတာနေမှာပေါ့”

သောက်နေသော ရေတောင် သီးသွားရသည်။

ဒီနာမည်ကို ဘယ်လိုသိသွားကြတာပါလိမ့်။

“မင်း လက်ချက်မလား ဘုဏ်းမြတ်…”

“မဟုတ်ရပါဘူးကွာ။ နှင်း ပြောလိုက်တာပါ”

“ဟေ့ကောင်… နှင်းကိုပဲ လွှဲမချနဲ့လေ”

“ကျော်ခန့်… မင်းတော်တော် အဖြစ်သည်းနေတယ်”

ရေစက်များက ဆုံလာပြန်တော့လည်း တစုတဝေးနှင့် ဆုံကြ၏။ ကျောင်းအပ်စဉ်က ကျော်ခန့်နှင့် မြတ်ယွန်းတို့ကို တိုက်ဆိုင်စွာတွေ့သည်။ မတွေ့ကြသည့် သူငယ်ချင်းများကတော့ ပထမဆုံးတက္ကသိုလ်တက်သည့်နေ့မှ အခန်းထဲတွင် မျက်နှာချင်းဆိုင် ဆုံဖြစ်သည်။ ထိုသူများက နှင်းနှင့် ရန်ကုန်ကို မိသားစုလိုက် ပြောင်းလိုက်ကြသည့် သဒ္ဒါဇင်ပင်။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Место, где живут истории. Откройте их для себя