Part 7

637 39 2
                                    

Unicode

အရှိန်ငြီးသည့် နေမင်း၏ အလင်းရောင်တို့ ခပ်ဖျော့ဖျော့မျှသာ ကျရောက်နေသည့် အချိန်ကာလတွင် မန္တလေးသားအား သန်လျင်မြို့အနှံလိုက်ပြရန် အဆင့်သင့်ဖြစ်နေခဲ့ပြီ။ ထိုမန္တလေးသားကတော့ အချိန်အနည်းငယ် စောနေသောကြောင့်လားမသိ၊ ရောက်မလာသေး။

“အန်တီ… လင်းထင်ရော…”

“အခန်းထဲမှာ… သားရေ! ဘုဏ်းမြတ်ရောက်နေပြီနော်”

“ဟုတ်… မေမေ”

အိမ်ရှေ့ခန်းမှ စကားသံကို ဖြေဆိုပြီးနောက် ဆံပင်ကို သေသပ်သွားအောင် ဖီးလိုက်သည်။ ထို့နောက် အခန်းအပြင်ကို ရောက်သွားတော့ မမျှော်လင့်ထားသည့် ဘုဏ်းမြတ်ပုံစံကို တွေ့လိုက်ရ၏။ ချောမောသည့် သူ့ရုပ်ရည်ကို ရှပ်အင်္ကျီနံ့သာရောင်နှင့် ယောပုဆိုးကို ဝတ်ဆင်ထားသည့် အသွင်အပြင်က ပံ့ပိုးပေးနေသည်။

ကျွန်တော့်လိုမျိုး… တအံတဩ ပြန်ငေးကြည့်နေသော ဘုဏ်းမြတ်အကြည့်များကြောင့် စနောက်ချင်စိတ်က ပေါ်သွား၏။

“ဘာလဲ? မမှတ်မိတော့ဘူးလား?”

ဘုဏ်းမြတ်သည် ကျွန်တော့်မေးခွန်းကို မငြင်းပယ်သလို ဝန်လည်းမခံခဲ့။ သို့သော် အဖြေအဖြစ် ပဟေဠိဆန်ဆန် အပြုံးတစ်ပွင့်ကိုမူ ပေးခဲ့၏။

“ကမ္ဘာရော… အိပ်နေတုန်းပဲလား?”

“အင်း… အိပ်နေတုန်းပဲ”

“ဒါဆို သွားမယ်လေ”

ဘုဏ်းမြတ်သည် ရှေ့မှ ဦးဆောင်ကာ သွားသော ကျွန်တော့်နောက်ကို လိုက်လာပေမဲ့ ခြံထောင့်မှာ ရပ်ထားသော စက်ဘီးနှစ်စီးကို အတွေ့… ခြေလှမ်းများ ရပ်တန့်သွားသည်။

“မင်းပြောတော့ မဝေးဘူးဆို…”

“အင်းလေ။ မဝေးဘူး”

“အဲ့တာဆို ဘာလို့…”

“မန္တလေးသားက စက်ဘီးမစီးတတ်ဘူးလို့တော့ မပြောနဲ့နော်”

မခံချင်စိတ်လေးက ပေါ်လာပြီထင်၊ စက်ဘီးဒေါက်ကို ဖြုတ်လိုက်ပြီး ခြံရှေ့ထွက်သွားသည်။ စကားများ ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ ရှေ့မှ နင်းသွားသော ဘုဏ်းမြတ်စက်ဘီးနှင့် ဘေးချင်းယှဉ်ရပ်ဖြစ်အောင် နင်းလိုက်၏။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now