Part 24

472 30 5
                                    

Unicode

နေ့ရက်တစ်ချို့ကို မန္တလေးရှိ အထင်ကရနေရာများတွင် လည်ပတ်ပြီးနောက် ဘုဏ်းမြတ်အိမ်တွင်သာ အနားယူဖြစ်ကြသည်။

ခြံထဲတွင် ဒန်းရော၊ ထိုင်ခုံရော ရှိပါလျက် မြက်ခင်းပေါ်တွင်သာ ကမ္ဘာက ခြေပစ်လက်ပစ်ထိုင်နေသည်။ ဘုဏ်းမြတ်ကတော့ မနိုင်စိန်ကို ပြောမနေတော့ဘဲ ထိုင်ခုံတွင် ထိုင်၏။ လူက ဒန်းပေါ်မှာ ထိုင်နေသော်လည်း ကမ္ဘာ့ဘေးနားသို့ သွားထိုင်ချင်စိတ်ကို ထိန်းနေရသော ကျွန်တော်သာ ဂနာမငြိမ်ဖြစ်နေရသည်။

ပူပြင်းသည့် နေ့လည်ခင်းကို စကားလုံးများနှင့် ပျင်းရိစွာဖြတ်သန်းနေမိကြပေမယ့် မကြာမီ မသော်သည် အစားအသောက်များနှင့်အတူ ရောက်လာ၏။

“ဒီကလေးတွေ ဘယ်လိုဖြစ်ပြီး တစ်ယောက်တစ်နေရာ ထိုင်နေတာလဲ?”

“ဘာဖြစ်လို့လဲ မသော်။ မသော်ထိုင်စရာနေရာ မရှိလို့လား? ကမ္ဘာထိုင်နေတဲ့ နေရာကို ကြည့်ပါဦး မသော်ရယ်။ အကျယ်ကြီးပဲကို…”

“ကောင်စုတ်လေး!”

“မသော်… လက်ထဲက ဘာပန်းကန်လဲ?”

ကမ္ဘာက ရန်ဖြစ်နေသော မောင်နှမကို ဖျန်ဖြေဖို့ စိတ်မကူးဘဲ မသော်လက်ထဲရှိ ပန်းကန်ကိုသာ စိတ်ဝင်စားနေသည်။

“ဗေဒါရွှေကြာလက်ဖက်လေ…”

“စားချင်နေတာ ရှယ်ပဲ…”

ဒန်းပေါ်တွင် ထိုင်လာသူကြောင့် လှုပ်ခါသွားသောဒန်းလိုမျိုး ကျွန်တော့်နှလုံးသားပါ တုန်ခါမှုပြင်းသွားသည်။ မြေပြင်ထက် ခြေတစ်ဖက်ထောက်ရင်း လှုပ်ခါနေသည့် ဒန်းကို ထိန်းလိုက်သလိုမျိုး ကျွန်တော့်နှလုံးသားကို ထိန်းလို့ရလျှင် ကောင်းမည်။

မဖြစ်နိုင်ပါဘူးလို့ နေ့စဉ်နီးပါးရေရွတ်နေတာတောင် ချစ်မြတ်နိုးစိတ်က တရိပ်ရိပ်နှင့် တက်လာသည့်အဖြစ်ကို ဘယ်လိုနည်းနှင့် ထိန်းချုပ်ရမလဲ…

“စားပါရှင့်… စားပါ။ အများကြီး ကျန်သေးတယ်”

ပန်းကန်ကို ပေးပြီး အိမ်ထဲပြန်ဝင်သွားသော မသော်နောက် ဘုဏ်းမြတ်က လိုက်သွားသည်။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Donde viven las historias. Descúbrelo ahora