Part 32

496 32 2
                                    

Unicode

နံနက်ခင်း၏ ဖျော့တော့သော နေရောင်ခြည်အောက်တွင် တိတ်ဆိတ်စွာ စာထိုင်ဖတ်နေသည့် ဘုဏ်းမြတ်၏ ကျောပြင်ကို အထီးကျန်စွာ တွေ့လိုက်ရသည်။ တိုက်ခန်းဝရံတာရှိ ခုံတန်းပေါ်တွင် ထိုင်နေသော ဘုဏ်းမြတ်၏ကျောပြင်က အထီးကျန်နေသလိုလို၊ အေးချမ်းနေသလို…

သုံးလ… အချိန်က သုံးလတည်း ကြာသွားခဲ့ပေမယ့် အရင်ကထက် အေးစက်လာသော ကမ္ဘာနှင့်အတူ ဘုဏ်းမြတ်ကပါ ပို၍တည်ငြိမ်လာ၏။

“ပေးထားတဲ့ သော့အပိုတစ်ချောင်းက လူကို သက်သာစေတာပဲ။ ထစရာကို မလိုဘူး”

“ပြောပါဦး။ ငါ့ကို ဖုန်းဆက်ပြီး လာခိုင်းတဲ့ ကိစ္စက…”

“မင်း ဒီစာအုပ်ကို ဖတ်ဖူးလား။ ငါ့ရင်ခွင်ကြားက နှင်းဆီဓားသွားတစ်လက်… တဲ့”

“ဆရာတာရာမင်းဝေရဲ့ လက်ရာတွေထဲက တစ်ခုပဲ။ ဖတ်ဖူးတာပေါ့”

ဘုဏ်းမြတ်၏ ဆိုလိုရင်းကို နားမလည်ပေမယ့် အကြောင်းရင်းမရှိဘဲ ပြောတာတော့ မဖြစ်နိုင်။ အလောတကြီး မေးရန် အကြောင်းပြချက်လည်း မရှိသောကြောင့် ပြောလာသည့် အချိန်ကိုသာ ထိုင်စောင့်ဖြစ်သည်။

“ဒီစာအုပ်ထဲမှာ ထည့်ရေးထားတဲ့ ရှိတ်စပီးယားရဲ့ ကဗျာက ငါ့ရင်ကို တကယ်ထိတယ်။ ငါရွတ်ပြမယ်။

ရနံ့ချိုတဲ့
ဘယ်လို ပန်းတစ်ပွင့်ကိုမှ
ငါ့ရဲ့ အနက်ရောင်ခေါင်းတလားပေါ်
ပေါက်ကြဲမချပါနဲ့။

ငါ့အလောင်း
ငါ့အရိုးတွေပစ်မယ့်နေရာမှာ…
ဘယ် သူငယ်ချင်းကမှ
နှုတ်ဆက်စကား လာမပြောကြားစေနဲ့။

ငါ့ရဲ့… ချစ်မြတ်စင်ကြယ်သူလေးဟာ
ငါ့ အုတ်ဂူကို ရှာမတွေ့စေနဲ့
သူ… မငိုကြွေးစေနဲ့…။

သက်ပြင်းတို့ အုံ့ဖြာဝေညွတ်ခြင်း…
ကင်းတဲ့နေရာမှာ…
အဲဒီနေရာမှာ…
ငါ့ကို မြှုပ်နှံပေးပါ…။

ကဲ… ဘယ်လောက်ကောင်းလိုက်သလဲ?”

“ဘာလို့ သေခြင်းတရားအကြောင်းကို ပြောနေတာလဲ ဘုဏ်းမြတ်”

“ဟော… ကောင်လေးတစ်ယောက် အတွေးလွန်နေပြန်ပြီ။ ငါဖတ်တဲ့ စာအုပ်ကိုက သေခြင်းတရားအကြောင်း ပါနေတာကိုးကွ။ ပြောလက်စနဲ့ တစ်ခုလောက်မေးချင်သေးတယ်။ မင်းအမေကို စိတ်မဆိုးဘူးလား။ ရောဂါအခြေအနေကို မပြောပြခဲ့တဲ့အတွက်လေ…”

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Wo Geschichten leben. Entdecke jetzt