uni ရဲ့ အတန်းချိန်တချို့ တတ်ပြီးသွားတော့ ဗိုက်ဆာလို့ကန်တင်းကို သွားလိုက်တယ်

လင်းလက်...ငါတို့ညနေအတန်းလစ်ရအောင်..

အောင်အောင်က အအေးသောက်နေရင်း အတန်းလစ်ဖို့ ကျွန်တော်ကိုပြောတယ်...ကျွန်တော် က အတန်းလစ်လို့ဘယ်ဖြစ်မလဲ...မြို့ကြီးပြကြီးမှာ ပညာသင်ရတာ ကျွန်တော့်အတွက်..အခွင့်ထူးပဲလေ အဲ့ဒါကိုအလေ လိုက်နေလို့မှမရတာ...အောင်အောင် ကို ကြည့်ရင်းသာ ကျွန်တော် ငြင်းခဲ့သည်

လင်းလက်..မင်းကလည်း...တစ်ရက်တစ်လေ အတန်းလစ်တော့ ဘာဖြစ်မှာမို့လို့လဲ..
မင်းတတ်နေတာ.. uniဆိုတာလည်းသတိရအုံး

အောင်အောင်...မင်းက ရန်ကုန်မှာ မွေး ရန်ကုန်ဆိုတဲ့ဝန်းကျင်မှာမွေးလာလို့ဘယ်သိမလဲ...ငါက တောသား.. ငါ ရန်ကုန်ကိုလာရတဲ့ရည်ရွယ်ချက်က ပညာသင်ဖို့....အဲ့ဒါကြောင့်ငါ့အတွက်ပညာရေးအရေးကြီးတယ်.....

အေးပါ...မောင်လင်းလက်ရယ်..

အောင်အောင် က တော့ တတ်ကြွ​နေတဲ့ လူအတိုင်း..ညနေအတန်းချိန်.. တခြား အတန်းကလူတစ်ချို့နဲ့ပေါင်းကာ လစ်ဖို့ရှိသည်.. ပြီးရင်... သူတို့တွေ အဖွဲ့လိုက် နေရာတစ်ခုကိုလည်းသွားတတ်သေးသည် ....ကျွန်တော်က မလိုက်တော့.
သူတို့သွားတဲ့နေရာကို​တော့အတိအကျမသိရချေ

ညနေ အတန်းချိန် တွေအားလုံးပြီးသွားတော့ လက်မှာ ပတ်ထားတဲ့နာရီလေးကိုကြည့်မိသည်...
ငါးနာရီ တဲ့...နာရီကိုကြည့်ပြီး..တစ်ချက်တော့ပြုံးမိလိုက်သည်...ဒီနာရီက အကိုခန့်မင်းနဲ့ အပြင်မှာသွားလည်တုန်းက ဝယ်ထားပေးတဲ့နာရီ...

ခါတိုင်းအပြန်လို...ကားမှတ်တိုင်မှာစောင့်နေခဲ့သည်...အိမ်ရောက်ရင် ၆နာရီ ပြန်ရောက်တတ်သည်...ကျွန်တော်အိမ်ရောက်ရင်...အိမ်မှာအစ်ကိုခန့်မင်းနဲ့ အဘ က အိမ်မှာရှိမနေတတ်...
အစ်ကိုခန့်မင်းက ၇နာရီလောက်မှပြန်လာတတ်သည်...အဘ ကတော့ အချိန်အတိအကျမရှိ...ကျန်းမာရေးလိုက်စားပြီးလေ့ကျင့်ခန်းလုပ်တတ်သည် တစ်ခါတစ်လေ...ဆေးရုံသွားပြီးဆေးစစ်တတ်သည်...ဒါကြောင့် အိမ်ပြန်ရောက်ရင် ..
ကျွန်တော် နဲ့အိမ်က အကူများသာ အများဆုံးရှိတတ်ကြသည်.....

Crazy love (Complete) Waar verhalen tot leven komen. Ontdek het nu