ဝဏပြောတာ ဖြစ်နိုင်တယ် ဒီကောင်ရုပ် အဲ့လိုဖြစ်တာ ဒါပထမဆုံးမှမဟုတ်တာ... ဒီကောင် ကွိုင်တတ်စရာဆိုလို့ သူ့အဖေနဲ့ အကိုပဲ ရှိတာ

သူငယ်ချင်းသုံးယောက် က လက် ထဲ က ခွက်တွေ ကိုင် ကာ တစ်ခွက်ပြီးတစ်ခွက်သောက်နေကြပေမဲ့ ဘေးနားမှာ sofaကို ကျောမှီကာ မျက်လုံးမှိတ်ထားသော လူတစ်ယောက် လည်းရှိသည်

မာန်ထိုက် မင်းက ကွာ club လာပြီး အိပ်မနေနဲ့...ငါတို့နဲ့သောက်စမ်းပါ....

ဝဏ က ဘေး ရှိ မျက်လုံးမှိတ်ထားသောသူကို
ပုခုံး ကို ပုတ်ပြီး စကားစလိုက်သည်

ကျစ်.....
မင်းတို့ကောင်တွေကွာ...

စကား များလိုက်တာ......

ထိုအခါမှ မျက်လုံးပွင့်ပြီး...အရက် တစ်ပုလင်းယူကာ ဖန်ခွက်ထဲ လောင်းထည့်လိုက်သည်... နောက်တော့ ရေခဲ မထည့် ရေမထည့်ဘဲ ဒီတိုင်းသောက်ချပစ်လိုက်သည်.....

မာန်ထိုက် မင်းဟာကလည်း...ရေလေးတော့ ရောအုံးမှပေါ့.... မသောက်ဘူးဆိုလည်း မင်းပဲ သောက်မယ်ဆိုလည်း မင်းအပြင် နှစ်ယောက်မရှိဘူး.......

မာန်ထိုက် သူ့ရှေ့ က စကားကို ပေါက်ပေါက်ဖောက်အောင်ပြောနေသော ငမှန်ကို ဘေးရှိ ရေခဲရည်နဲ့ ပတ်လိုက်သည်....

နားညီးတယ်....
တစ်ခွန်းသာဆိုပြီး သူမဟုတ်သည့်နှယ် အရက်ဆက်သောက်နေခဲ့သည်

ဟား...ငမှန်...သွားပြောအုံး ဒီကောင့်အကြောင်းမသိတာကျနေတာပဲ ခုတော့ မင်းထိပြီး

ငမှန် တစ်ယောက် မျက်မှန်ချွတ်ပြီး ဘေးရှိတစ်ရှူးဗူးကိုယူကာ ရေများရွှဲသွားသောမျက်မှန်ကို သုတ်နေလိုက်ရသည်....

ငါ့အမှားပါ.... ဒီကောင့်မာန်ထိုက်ကို စကားသွားပြောမိတဲ့ ငါ့အမှား....

ဟား...ဟား...ဟား...
ငမှန် အသိတရားရသွားပြီး...စိုင်းရ..

ဘေးရှိ စိုင်း နဲ့ ဝဏ တို့က အသံကုန်ဟစ်ပြီးရယ် မော နေကြသည်...မာန် ထိုက် တစ်ယောက် ကတော့ သောက် လက်စ ပုလင်းကို လက်ကမချဘဲ တစ်ခွက်ပြီးတစ်ခွက်ရေမရော ဘဲ သောက်နေခဲ့သည်

မာန်ထိုက်.. မင်း ဟိုတပတ်တုန်းက တွဲတဲ့စော်လေးရော...အခြေအနေဘယ်လိုလဲ..

Crazy love (Complete) Where stories live. Discover now